Bundesliga

၃ နှစ်နီးပါးအကြာမှာ ဒေါ့မွန်အတွက် ပထမဆုံးဂိုးပြန်သွင်းနိုင်ခဲ့တဲ့ ဆန်ချို

ယူနိုက်တက်အသင်းကနေ အသင်းဟောင်း ဒေါ့မွန်အသင်းထံ အငှားနဲ့ ပြန်လည်လာရောက်ကစားနေတဲ့ ဆန်ချိုဟာ ဒေါ့မွန်အသင်းက ဝါဒါဘရီမင်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ အသင်းအတွက် ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းမှာ နည်းပြ အဲရစ်တန်ဟတ်နဲ့ အဆင်မပြေဖြစ်ခဲ့လို့ ဒေါ့မွန်အသင်းထံ ပြန်လည်ရောက်ရှိလာခဲ့တဲ့ ဆန်ချိုဟာ ၁၂ ပွဲကစားပြီးမှသာ သူ့ရဲ့သွင်းဂိုးကို ပြန်လည်ရယူနိုင်ခဲ့တာပါ။ဆန်ချိုဟာ ဒေ့ါမွန်အသင်းကို ပြန်ရောက်ရှိလာပြီးချိန်မှာ သွင်းဂိုး ၂ ဂိုးဖန်တီးထားတာဖြစ်ပါတယ်။

ဆန်ချိုဟာ ယူနိုက်တက်အသင်းကို ပေါင် ၇၃ သန်းနဲ့ ၂၀၂၁ ခုနှစ် ဇူလိုင်လက မပြောင်းရွှေ့ခင်က ဒေါ့မွန်အသင်းအတွက် နောက်ဆုံးသွင်းဂိုးကို ၂၀၂၁ ခုနှစ် မေလမှာ သွင်းယူခဲ့တာပါ။အဲ့ဒါကြောင့် ဆန်ချိုဟာ ဒေါ့မွန်အသင်းအတွက် ပထမဆုံးသွင်းဂိုးကို ပြန်လည်ရယူနိုင်ဖို့ ၃ နှစ်နီးပါးကြာ စောင့်ဆိုင်းခဲ့ရတာဖြစ်ပါတယ်။

ဒေါ့မွန်အသင်းဟာ ဒီပွဲရဲ့ပထမပိုင်းမှာ ကွင်းလယ်လူ ဆာဘစ်ဆာအနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရလို့ ဒုတိယပိုင်းမှာ ကစားသမားတစ်ဦးလျော့နဲ့ ကစားခဲ့ရပေမယ့် နိုင်ပွဲရယူနိုင်ခဲ့တာပါ။ဒေါ့မွန်အသင်းဟာ ဒီပွဲအနိုင်ရရှိခဲ့တာကြောင့် ဘွန်ဒစ်လီဂါအမှတ်ပေးဇယားအဆင့် ၄ နေရာမှာ ဆက်လက်ရပ်တည်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Bundesliga Premier League

ကွန်တီကို နှစ်ပေါက်တပေါက်ရိုက်ဖို့ လုပ်နေတဲ့ ဘိုင်ယန်မြူးနစ်

ဘိုင်ယန်မြူးနစ်ဟာ လာမယ့်နွေရာသီမှာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့အတွက် တဖက်လှည့်အနေအထားမျိုးနဲ့ ကြိုးစားနေကြောင်း သိရှိရပါတယ်။ အဆိုပါ အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်ဟာ လာမယ့်နွေရာသီမှာ စပါးနဲ့ စာချုပ်သက်တမ်း နောက်ဆုံးကာလအတွင်းကို ရောက်ရှိလာမှာပါ။ ဟယ်ရီကိန်းနဲ့ စပါးစာချုပ်သက်တမ်းက (၂၀၂၄) မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။
Bundesliga

ကမ္ဘာ့ဖလားပြိုင်ပွဲနီးလာကမှ ဒဏ်ရာပြဿနာနဲ့ ကြုံတွေ့ခဲ့ရတဲ့ မာကိုရူးစ်

ဒေါ့မွန်အသင်းခေါင်းဆောင် မာကိုရူးစ်ဟာ ရှော်လ်ကေးနဲ့ ကစားခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာရရှိသွားခဲ့တာကြောင့် ထမ်းစင်နဲ့ ကွင်းထဲကနေ သယ်ထုတ်သွားခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ မာကိုရူးစ်ဟာ ရှော်လ်ကေးအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာကြောင့် စိတ်ပျက်ပြီး ငိုကြွေးနေတာကိုပါ