Bundesliga

ဆော်ဒီရဲ့ချိတ်ဆက်မှုခံနေရပေမယ့် ဘိုင်ယန်မှာပဲ ဆက်နေချင်နေတဲ့ မာနေး

နာမည်ကျော်ကစားသမားအများအပြားကို ပစ်မှတ်ထားနေတဲ့ ဆော်ဒီလိဂ်ဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ ပုံမှန်ခြေစွမ်းပြသနိုင်ခြင်းမရှိတဲ့ မာနေးကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

ဆော်ဒီဟာ မာနေးကို စိတ်ဝင်စားကြောင်းပြသခဲ့ပြီး သူတို့ရဲ့အဓိကပစ်မှတ်တွေထဲက တစ်ခုအဖြစ် ဖော်ပြခဲ့တာပါ။ဒါပေမယ့် ကစားသမားရဲ့ကိုယ်စားလှယ်တွေကတော့ မာနေးဟာ ဘိုင်ယန်မှာပဲ ဆက်နေမယ့်အကြောင်းကို အကြောင်းကြားခဲ့တယ်လို့ ဂျာမန်သတင်းတွေမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ နွေရာသီက လီဗာပူးလ်ကနေ ရောက်ရှိလာတဲ့ မာနေးဟာ ဘိုင်ယန်အတွက် ပွဲဦးထွက်ရာသီမှာ ၃၈ ပွဲပါဝင်ကစားခဲ့ပြီး ၁၂ ဂိုးသွင်းယူကာ ၆ ဂိုးဖန်တီးခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။ပြီးတော့ မာနေးဟာ မန်စီးတီးနဲ့ ချန်ပီယံလိဂ်ပွဲမှာ ဆာနေးရဲ့မျက်နှာကို ထိုးခဲ့တဲ့ ဖြစ်ရပ်လည်းရှိခဲ့တာပါ။

ရော်နယ်ဒိုနဲ့ ဘန်ဇီမာတို့ကို ခေါ်ယူခဲ့ပြီးဖြစ်တဲ့ ဆော်ဒီလိဂ်ဟာ နောက်ထပ်နာမည်ကြီးကစားသမားတွေကို ထပ်ပြီးပစ်မှတ်ထားနေကာ ဒီထဲမှာ မာနေးလည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။ဘိုင်ယန်မြူးနစ်ကလည်း မာနေးကို အရောင်းစာရင်းထဲ ထည့်ထားတယ်လို့ သတင်းတွေအရသိရပါတယ်။

ဒါပေမယ့် မာနေးကတော့ အသင်းမှာ ဆက်နေပြီး အကောင်းဆုံးပုံစံတွေကိုပြသကာ ဆုဖလားအောင်မြင်မှုတွေကို ရယူဖို့ ပစ်မှတ်ထားနေပါတယ်။မာနေးနဲ့ ဘိုင်ယန်တို့ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၅ မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Bundesliga Premier League

ကွန်တီကို နှစ်ပေါက်တပေါက်ရိုက်ဖို့ လုပ်နေတဲ့ ဘိုင်ယန်မြူးနစ်

ဘိုင်ယန်မြူးနစ်ဟာ လာမယ့်နွေရာသီမှာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့အတွက် တဖက်လှည့်အနေအထားမျိုးနဲ့ ကြိုးစားနေကြောင်း သိရှိရပါတယ်။ အဆိုပါ အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်ဟာ လာမယ့်နွေရာသီမှာ စပါးနဲ့ စာချုပ်သက်တမ်း နောက်ဆုံးကာလအတွင်းကို ရောက်ရှိလာမှာပါ။ ဟယ်ရီကိန်းနဲ့ စပါးစာချုပ်သက်တမ်းက (၂၀၂၄) မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။
Bundesliga

ကမ္ဘာ့ဖလားပြိုင်ပွဲနီးလာကမှ ဒဏ်ရာပြဿနာနဲ့ ကြုံတွေ့ခဲ့ရတဲ့ မာကိုရူးစ်

ဒေါ့မွန်အသင်းခေါင်းဆောင် မာကိုရူးစ်ဟာ ရှော်လ်ကေးနဲ့ ကစားခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာရရှိသွားခဲ့တာကြောင့် ထမ်းစင်နဲ့ ကွင်းထဲကနေ သယ်ထုတ်သွားခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ မာကိုရူးစ်ဟာ ရှော်လ်ကေးအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာကြောင့် စိတ်ပျက်ပြီး ငိုကြွေးနေတာကိုပါ