Bundesliga

၂ ဂိုးပြတ်အရေးနိမ့်တာကနေ ဘိုင်ယန်ကို သရေကစားနိုင်ခဲ့တဲ့ ဒေါ့မွန်

ဒေါ့မွန်နဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့ဘွန်ဒစ်လီဂါ ပွဲစဉ်ကတော့ ၂ ဂိုးစီရလဒ်နဲ့ ပြီးဆုံးသွားခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းဟာ ဂေါ်ရက်စကာ၊ ဆာနေးတို့ရဲ့ဂိုးတွေနဲ့ ဒေါ့မွန်အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ဝာာပါ။ဒေါ့မွန်အတွက် ချေပဂိုးကို မူကိုကိုနဲ့ နာကျင်အချိန်ပိုမှာ မိုဒီစတီတို့က သွင်းယူခဲ့တာဖြစ်ပါတယ်။

ဒီပွဲစဉ်ရဲ့နာကျင်အချိန်ပိုမှာ ဘိုင်ယန်ကစားသမား ကိုးမန်း ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခံခဲ့ရတာပါ။ထိပ်တိုက်တွေ့‌ဆုံမှု နောက်ဆုံး ၅ ကြိမ်ဆက်တိုက် အနိုင်ရခဲ့တဲ့ ဘိုင်ယန်အတွက်တော့ ဒေါ့မွန်အသင်းကို နိုင်ပွဲဆက်မှုရပ်တန့်သွားခဲ့တာဖြစ်ပါတယ်။

သရေရလဒ်ထွက်ပေါ်ခဲ့တာကြောင့် ဘိုင်ယန်မြူးနစ်နဲ့ ဒေါ့မွန်အသင်းတို့ဟာ ရမှတ်တူနဲ့ အဆင့် ၃၊ ၄ နေရာမှာ ရပ်တည်နေပြီး ထိပ်ဆုံးက ယူနီယံဘာလင်နဲ့ ၁ မှတ်ကွာဟနေတာဖြစ်ပါတယ်။

DORTMUND, GERMANY – OCTOBER 08: Anthony Modeste of Borussia Dortmund scores their team’s second goal past Manuel Neuer of Bayern Munich during the Bundesliga match between Borussia Dortmund and FC Bayern Muenchen at Signal Iduna Park on October 08, 2022 in Dortmund, Germany. (Photo by Alex Grimm/Getty Images)

ဒေါ့မွန်အသင်းဟာ အခုလာမယ့်အပတ်မှာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ‌ဆီဗီလာ၊ ဘိုင်ယန်မြူးနစ်အသင်းက ပလာဇန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *

ဆက်စပ်သတင်းများ

Bundesliga Premier League

ကွန်တီကို နှစ်ပေါက်တပေါက်ရိုက်ဖို့ လုပ်နေတဲ့ ဘိုင်ယန်မြူးနစ်

ဘိုင်ယန်မြူးနစ်ဟာ လာမယ့်နွေရာသီမှာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့အတွက် တဖက်လှည့်အနေအထားမျိုးနဲ့ ကြိုးစားနေကြောင်း သိရှိရပါတယ်။ အဆိုပါ အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်ဟာ လာမယ့်နွေရာသီမှာ စပါးနဲ့ စာချုပ်သက်တမ်း နောက်ဆုံးကာလအတွင်းကို ရောက်ရှိလာမှာပါ။ ဟယ်ရီကိန်းနဲ့ စပါးစာချုပ်သက်တမ်းက (၂၀၂၄) မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။
Bundesliga

ကမ္ဘာ့ဖလားပြိုင်ပွဲနီးလာကမှ ဒဏ်ရာပြဿနာနဲ့ ကြုံတွေ့ခဲ့ရတဲ့ မာကိုရူးစ်

ဒေါ့မွန်အသင်းခေါင်းဆောင် မာကိုရူးစ်ဟာ ရှော်လ်ကေးနဲ့ ကစားခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာရရှိသွားခဲ့တာကြောင့် ထမ်းစင်နဲ့ ကွင်းထဲကနေ သယ်ထုတ်သွားခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ မာကိုရူးစ်ဟာ ရှော်လ်ကေးအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာကြောင့် စိတ်ပျက်ပြီး ငိုကြွေးနေတာကိုပါ