Bundesliga

ရော်နယ်ဒိုကို ယူနိုက်တက်လုပ်သလိုမျိုး နူအာကိုမလုပ်ဘူးဆိုတဲ့ ဘိုင်ယန်မြူးနစ်

ဘိုင်ယန်မြူးနစ်အသင်းဥက္ကဌ ဟားဘတ်ဟိုင်နာကကတော့ အသင်းအပေါ်ဝေဖန်ခဲ့တဲ့ ဂိုးသမားနူအာနဲ့ ပတ်သက်ပြီး ရော်နယ်ဒိုကို ယူနိုက်တက်လုပ်ဆောင်သလိုစာချုပ်ဖျက်သိမ်းမှာ မဟုတ်ဘူးလို့ပြောလိုက်တာဖြစ်ပါတယ်။

နူအာဟာ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဂိုးနည်းပြကို ထုတ်ပယ်ခဲ့တဲ့ ကလပ်အသင်းရဲ့ ဆုံးဖြတ်ချက်ကို စိတ်ပျက်မိတယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။နူအာနဲ့ ဂိုးနည်းပြတို့ရဲ့ ဆက်ဆံရေးဟာ အလွန်ကောင်းမွန်တာကြောင့် ဂျာမနီဂိုးသမားက ဒါကို စိတ်ပျက်နေခဲ့တာပါ။

နူအာမတိုင်ခင် ရော်နယ်ဒိုကလည်း ယူနိုက်တက်အသင်းအပေါ် ဝေဖန်တဲ့ အင်တာဗျူးပြုလုပ်ခဲ့လို့ အသင်းက နှစ်ဦးနှစ်ဖက်သဘောတူညီမှုနဲ့ စာချုပ်ဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။အဲ့ဒါကြောင့် ဘိုင်ယန်မြူးနစ်ဘက်ကလည်း ရော်နယ်ဒိုလုပ်သလိုမျိုး နူအာကို စာချုပ်ဖျက်သိမ်းလာနိုင်တယ်လို့ သတင်းတွေက ဖော်ပြထားတာပါ။

ဒါပေမယ့် ဟားဘတ်ဟိုင်နာက ဒီလိုမျိုးလုပ်မှာမဟုတ်ဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။ဟားဘတ်ဟိုင်နာက “ ကျွန်တော်တို့ ဒီလိုမျိုးလုံးဝမလုပ်ပါဘူး။ကျွန်တော်တို့က ဘိုင်ယန်မြူးနစ်ပါ။ဒီလိုအရာတွေကို အတွင်းပိုင်းမှာပဲ ဖြေရှင်းသွားမှာပါ။ဒါကပဲ ဘိုင်ယန်ကိုပိုအားကောင်းပြီး ထူးခြားစေပါတယ်”လို့ ဆိုခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်း ဂန္တဝင်တွေကတော့ နူအာကို အသင်းခေါင်းဆောင်လက်ပတ်ကနေ ဖယ်ရှားဖို့အထိပါ ပြောခဲ့ပါတယ်။ဂိုးသမားဟာ လက်ရှိအချိန်မှာ ခြေထောက်ကျိုးတဲ့ ဒဏ်ရာကြောင့် ရာသီအကုန်ထိ အနားယူရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Bundesliga Premier League

ကွန်တီကို နှစ်ပေါက်တပေါက်ရိုက်ဖို့ လုပ်နေတဲ့ ဘိုင်ယန်မြူးနစ်

ဘိုင်ယန်မြူးနစ်ဟာ လာမယ့်နွေရာသီမှာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့အတွက် တဖက်လှည့်အနေအထားမျိုးနဲ့ ကြိုးစားနေကြောင်း သိရှိရပါတယ်။ အဆိုပါ အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်ဟာ လာမယ့်နွေရာသီမှာ စပါးနဲ့ စာချုပ်သက်တမ်း နောက်ဆုံးကာလအတွင်းကို ရောက်ရှိလာမှာပါ။ ဟယ်ရီကိန်းနဲ့ စပါးစာချုပ်သက်တမ်းက (၂၀၂၄) မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။
Bundesliga

ကမ္ဘာ့ဖလားပြိုင်ပွဲနီးလာကမှ ဒဏ်ရာပြဿနာနဲ့ ကြုံတွေ့ခဲ့ရတဲ့ မာကိုရူးစ်

ဒေါ့မွန်အသင်းခေါင်းဆောင် မာကိုရူးစ်ဟာ ရှော်လ်ကေးနဲ့ ကစားခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာရရှိသွားခဲ့တာကြောင့် ထမ်းစင်နဲ့ ကွင်းထဲကနေ သယ်ထုတ်သွားခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ မာကိုရူးစ်ဟာ ရှော်လ်ကေးအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာကြောင့် စိတ်ပျက်ပြီး ငိုကြွေးနေတာကိုပါ