Bundesliga World Cup 2022

တံကောက်ကြောဒဏ်ရာကြောင့် ကမ္ဘာ့ဖလားကို လွဲချော်ဖွယ်ရှိနေတဲ့ အယ်လ်ဖွန်ဆိုဒေးဗီးစ်

ဘိုင်ယန်မြူးနစ်အသင်းရဲ့ကနေဒါလက်ရွေးစင် ကြယ်ပွင့် အယ်လ်ဖွန်ဆိုဒေးဗီးစ်ဟာ စနေနေ့က ကစားခဲ့တဲ့ ပွဲမှာ တံကောက်ကြောဒဏ်ရာပြဿနာရှိခဲ့လို့ ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။

ဟာသာဘာလင်အသင်းကို ၃ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်ရဲ့ပွဲချိန် ၆၄ မိနစ်မှာ အယ်လ်ဖွန်ဆိုဒေးဗီးစ်ဟာ ဒဏ်ရာရရှိသွားခဲ့တာပါ။အဲ့ဒါကြောင့် လူးကပ်စ်ဟာနန်ဒက်စ်နဲ့ လူစားလဲခဲ့ရတာဖြစ်ပါတယ်။

အယ်လ်ဖွန်ဆိုဒေးဗီးစ်ဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင် ကနေဒါလက်ရွေးစင်ရဲ့အဓိက အစိတ်အပိုင်းအနေနဲ့ ပါဝင်ခဲ့တာပါ။ကနေဒါအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘယ်လ်ဂျီယံ၊ မော်ရိုကို၊ ခရိုအေးရှားတို့နဲ့ အုပ်စုကျပ်ထဲကို ကျရောက်နေတာဖြစ်ပါတယ်။

ကနေဒါအသင်းဟာ နိုဝင်ဘာလ ၂၃ ရက်မှာ အုပ်စုအဖွင့်ပွဲအဖြစ် ဘယ်လ်ဂျီယံအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်တာကြောင့် အယ်လ်ဖွန်ဆိုဒေးဗီးစ်အနေနဲ့ ၃ ပတ်မလိုတော့တဲ့ အချိန်အတွင်းမှာ ပြန်ကောင်းမွန်လာဖို့ လိုအပ်နေတာပါ။

ဒေးဗီးစ်ဟာ တံကောက်ကြောရှိ ကြွက်သားတစ်ခု စုတ်ပြဲသွားခဲ့တယ်လို့ ဘိုင်ယန်နည်းပြ နာဂျယ်လ်စမန်းက အတည်ပြုထားခဲ့ပြီး ဒဏ်ရာအတိအကျကို သိရဖို့ စကန်ဖတ်စစ်ဆေးမှုတွေ ပြုလုပ်ရမယ်လို့ ပြောထားပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပဖို့ နီးကပ်လာချိန်မှာ ကစားသမား တစ်ဦးပြီးတစ်ဦး ဒဏ်ရာပြဿနာရနေတာလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Bundesliga Premier League

ကွန်တီကို နှစ်ပေါက်တပေါက်ရိုက်ဖို့ လုပ်နေတဲ့ ဘိုင်ယန်မြူးနစ်

ဘိုင်ယန်မြူးနစ်ဟာ လာမယ့်နွေရာသီမှာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့အတွက် တဖက်လှည့်အနေအထားမျိုးနဲ့ ကြိုးစားနေကြောင်း သိရှိရပါတယ်။ အဆိုပါ အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်ဟာ လာမယ့်နွေရာသီမှာ စပါးနဲ့ စာချုပ်သက်တမ်း နောက်ဆုံးကာလအတွင်းကို ရောက်ရှိလာမှာပါ။ ဟယ်ရီကိန်းနဲ့ စပါးစာချုပ်သက်တမ်းက (၂၀၂၄) မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။
Bundesliga

ကမ္ဘာ့ဖလားပြိုင်ပွဲနီးလာကမှ ဒဏ်ရာပြဿနာနဲ့ ကြုံတွေ့ခဲ့ရတဲ့ မာကိုရူးစ်

ဒေါ့မွန်အသင်းခေါင်းဆောင် မာကိုရူးစ်ဟာ ရှော်လ်ကေးနဲ့ ကစားခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာရရှိသွားခဲ့တာကြောင့် ထမ်းစင်နဲ့ ကွင်းထဲကနေ သယ်ထုတ်သွားခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ မာကိုရူးစ်ဟာ ရှော်လ်ကေးအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာကြောင့် စိတ်ပျက်ပြီး ငိုကြွေးနေတာကိုပါ