Bundesliga

ဘိုင်ယန်ကို ၂ ပွဲကိုင်တွယ်အပြီးမှာ ဖလား ၁ လုံးဆုံးရှံးခဲ့ရပြီဖြစ်တဲ့ တူချယ်လ်

ဘိုင်ယန်မြူးနစ်အသင်းဟာ ဂျာမန်ပိုကယ်ဖလားပွဲစဉ်အဖြစ် ကစားခဲ့တဲ့ ပွဲစဉ်မှာ ဖရိုင်းဘတ်အသင်းကို နာကျင်အချိန်ပိုမှာ ပေးခဲ့ရတဲ့ ဂိုးကြောင့် ၂ ဂိုး- ၁ ဂိုးနဲ့ အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။

ဘိုင်ယန်အသင်းဟာ ဒီပွဲမှာ အူပါမီကာနိုရဲ့သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဟော့ဖ်လာက ပြန်ချေပခဲ့လို့ ပထမပိုင်းမှာ ၁ ဂိုးစီသရေကျခဲ့တာဖြစ်ပါတယ်။ဒုတိယပိုင်းမှာ ဘိုင်ယန်မြူးနစ်အသင်းက ဂိုးရဖို့အတွက် ဖိအားပေးပြီး ကြိုးစားခဲ့ပေယ့် နာကျင်အချိန်ပိုမှာ ဖရိုင်းဘတ်အသင်းကို အနိုင်ဂိုးပေးခဲ့ရတာပါ။

ဒီဂိုးကို ဟိုလာက မိနစ် ၉၀ ပြည့်ပြီး ၅ မိနစ်မှာ သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ဒီရာသီမှာ ဆုဖလားအားလုံးရယူသွားမယ်လို့ ကြွေးကြော်ထားတဲ့ နည်းပြသစ်တူချယ်လ်ကတော့ ဖလား ၁ လုံးစတင်ဆုံးရှုံးခဲ့ရပြီဖြစ်ပါတယ်။တူချယ်လ်ဟာ အဖွင့်ပွဲမှာ ဒေါ့မွန်အသင်းကို ၄ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရအောင် ကိုင်တွယ်နိုင်ခဲ့တာပါ။

ဒါပေမယ့်လည်း ဒုတိယမြောက်ပွဲမှာတော့ အသင်းလည်း ဖလားပြိုင်ပွဲကနေလည်း ထွက်ခဲ့ရတာပါ။အဲ့ဒါကြောင့် ဘိုင်ယန်မြူးနစ်အသင်းဟာ ချန်ပီယံလိဂ်နဲ့ ပိုကယ်ဖလားရယူနိုင်ဖို့ကိုသာ အာရုံစိုက်ပြီးကြိုးစားရတော့မှာလည်း ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်နဲ့ ဖရိုင်းဘတ်အသင်းတို့ဟာ ဒီတစ်ပတ်ဘွန်ဒစ်လီဂါမှာလည်း ထပ်မံတွေ့ဆုံကြရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Bundesliga Premier League

ကွန်တီကို နှစ်ပေါက်တပေါက်ရိုက်ဖို့ လုပ်နေတဲ့ ဘိုင်ယန်မြူးနစ်

ဘိုင်ယန်မြူးနစ်ဟာ လာမယ့်နွေရာသီမှာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့အတွက် တဖက်လှည့်အနေအထားမျိုးနဲ့ ကြိုးစားနေကြောင်း သိရှိရပါတယ်။ အဆိုပါ အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်ဟာ လာမယ့်နွေရာသီမှာ စပါးနဲ့ စာချုပ်သက်တမ်း နောက်ဆုံးကာလအတွင်းကို ရောက်ရှိလာမှာပါ။ ဟယ်ရီကိန်းနဲ့ စပါးစာချုပ်သက်တမ်းက (၂၀၂၄) မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။
Bundesliga

ကမ္ဘာ့ဖလားပြိုင်ပွဲနီးလာကမှ ဒဏ်ရာပြဿနာနဲ့ ကြုံတွေ့ခဲ့ရတဲ့ မာကိုရူးစ်

ဒေါ့မွန်အသင်းခေါင်းဆောင် မာကိုရူးစ်ဟာ ရှော်လ်ကေးနဲ့ ကစားခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာရရှိသွားခဲ့တာကြောင့် ထမ်းစင်နဲ့ ကွင်းထဲကနေ သယ်ထုတ်သွားခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ မာကိုရူးစ်ဟာ ရှော်လ်ကေးအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာကြောင့် စိတ်ပျက်ပြီး ငိုကြွေးနေတာကိုပါ