Bundesliga

ဘိုင်ယန်မှာ မာနေးရဲ့အကောင်းဆုံးပုံစံကို ရှာဖွေနိုင်တယ်လို့ ယုံကြည်နေတဲ့ တူချယ်လ်

နွေရာသီအပြောင်းအရွှေ့က လီဗာပူးလ်က​နေ ရောက်ရှိလာပြီးနောက် ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရတဲ့ မာနေးအနေနဲ့ ဘိုင်ယန်မှာ သူ့ရဲ့အကောင်းဆုံးပုံစံကို ရှာဖွေတွေ့ရှိနိုင်မယ်လို့ နည်းပြ တူချယ်လ်က ယုံကြည်မှုရှိနေပါတယ်။

လီဗာပူးလ်အသင်းနဲ့ အောင်မြင်မှုအများအပြားရယူပြီးနောက် စိန်ခေါ်မှုအသစ်အတွက် ဘိုင်ယန်ကို ပြောင်းရွှေ့လာခဲ့တဲ့ မာနေးဟာ ၂၉ ပွဲကစားအပြီးမှာ ၁၁ ဂိုးသာသွင်းယူထားနိုင်ခဲ့တာပါ။မာနေးဟာ ဒဏ်ရာတွေကြောင့်အပါအ၀င် ပုံမှန်ခြေစွမ်းပြသနိုင်ဖို့ ခက်ခဲနေတာဖြစ်ပါတယ်။

မာနေးဟာ ဒဏ်ရာက ပြန်သက်သာလာပြီးနောက် ဖေဖော်ဝါရီလက ဘိုင်ယန်အတွက် ပြန်ကစားပေးနိုင်ခဲ့ပြီး ၅ ပွဲမှာ ၁ ဂိုးသာဖန်တီးနိုင်ခဲ့တာပါ။မာနေးဟာ တူချယ်လ်ရဲ့ပထမဆုံးပွဲဖြစ်တဲ့ ဘိုင်ယန်မြူးနစ်က ဒေါ့မွန်ကို ၄ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာလည်း လူစားဝင်ကစားသမားအဖြစ်သာ ပါဝင်နိုင်ခဲ့ပါတယ်။

တူချယ်လ်က “သူ့ကိူ အင်္ဂလန်မှာ ကျွန်တော်ကောင်းကောင်းသိပါတယ်။ဆာဒီယိုဟာ ထိပ်တန်းကစားသမားတစ်ဦးဆိုတာ မေးခွန်းထုတ်စရာမလိုပါဘူး။သူဟာ လီဗာပူးလ်အတွက် နှစ်တိုင်း ဂိုး ၂၀၊ ၃၀ လောက်သွင်းယူနေတာပါ။သူဟာ လီဗာပူးလ်မှာ အလွန်အရေးပါတဲ့ ကစားသမားဖြစ်ခဲ့ပါတယ်”

“သူ့ရဲ့အရည်အသွေးကို သံသယမရှိနိုင်ပါဘူး။ကလပ်အသင်းအပြောင်းအလဲပြုလုပ်ပြီးရင်တော့ လိုက်လျောညီထွေဖြစ်ဖို့ အချိန်ယူရပါတယ်။ဒါက အချိန်ကိုယူရပါတယ်။သူ့ရဲ့အရည်အသွေးနဲ့ သူယူဆောင်လာမယ့်အရာတွေကို သံသယမရှိပါဘူး။ဒါဟာ ယုံကြည်မှု၊စိတ်ရှည်မှုတွေနဲ့ ပတ်သက်တာကြောင့် သူဟာ ဒီရမ်သမ်ထဲကို ဝင်ရောက်လာနိုင်ပါတယ်”လို့ ပြောခဲ့ပါတယ်။

ဆက်စပ်သတင်းများ

Bundesliga Premier League

ကွန်တီကို နှစ်ပေါက်တပေါက်ရိုက်ဖို့ လုပ်နေတဲ့ ဘိုင်ယန်မြူးနစ်

ဘိုင်ယန်မြူးနစ်ဟာ လာမယ့်နွေရာသီမှာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့အတွက် တဖက်လှည့်အနေအထားမျိုးနဲ့ ကြိုးစားနေကြောင်း သိရှိရပါတယ်။ အဆိုပါ အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်ဟာ လာမယ့်နွေရာသီမှာ စပါးနဲ့ စာချုပ်သက်တမ်း နောက်ဆုံးကာလအတွင်းကို ရောက်ရှိလာမှာပါ။ ဟယ်ရီကိန်းနဲ့ စပါးစာချုပ်သက်တမ်းက (၂၀၂၄) မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။
Bundesliga

ကမ္ဘာ့ဖလားပြိုင်ပွဲနီးလာကမှ ဒဏ်ရာပြဿနာနဲ့ ကြုံတွေ့ခဲ့ရတဲ့ မာကိုရူးစ်

ဒေါ့မွန်အသင်းခေါင်းဆောင် မာကိုရူးစ်ဟာ ရှော်လ်ကေးနဲ့ ကစားခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာရရှိသွားခဲ့တာကြောင့် ထမ်းစင်နဲ့ ကွင်းထဲကနေ သယ်ထုတ်သွားခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ မာကိုရူးစ်ဟာ ရှော်လ်ကေးအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာကြောင့် စိတ်ပျက်ပြီး ငိုကြွေးနေတာကိုပါ