Bundesliga

အရေပြားကင်ဆာကြောင့် ခွဲစိတ်မှု ၃ ကြိမ်ပြုလုပ်ထားတယ်လို့ နူအာဖွင့်ဟ

ဂျာမနီနဲ့ ဘိုင်ယန်မြူးနစ်ဝါရင့်ဂိုးသမား နူအာဟာ မျက်နှာမှာ အရေပြားကင်ဆာခံစားနေရပြီး ခွဲစိတ်မှု ၃ ကြိမ်ပြုလုပ်ခဲ့ရတယ်လို့ ပြောလိုက်ပါတယ်။

တင်းနစ်‌အကျော်အမော် ကာဘာနဲ့အတူ အသားအရေထိန်းသိမ်းမှုဆိုင်ရာ ထုတ်ကုန်အသစ်ကို မိတ်ဆက်ပြီးနောက် နူအာက သူ့ကြုံတွေ့ခဲ့ရတဲ့ ပြဿနာတွေကို ဖွင့်ဟခဲ့တာဖြစ်ပါတယ်။

နူအာက “ကျွန်တော်တို့ ၂ ဦးစလုံးဟာ အရေပြားရောဂါတွေနဲ့ ပက်သက်ပြီး ပုဂ္ဂိုလ်ရေးဆိုင်ရာ သမိုင်းကြောင်းတွေရှိပါတယ်။ကာဘာဆိုရင် နေရောင်ခြည်ကြောင့် ရောင်ရမ်းမှုတွေရှိခဲ့ပါတယ်”

“ကျွန်တော်က မျက်နှာမှာ အရေပြားကင်ဆာဖြစ်တာကြောင့် ၃ ကြိမ်လောက်ခွဲစိတ်ခဲ့ရပါတယ်”လို့ ဆိုခဲ့ပါတယ်။နူအာဟာ ဒေါ့မွန်အသင်းနဲ့ ပွဲပြီးကတည်းက ပခုံးဒဏ်ရာကြောင့် အနားယူနေခဲ့ရပြီး ပြန်ကစားနိုင်ဖွယ်ရှိနေပြီဖြစ်ပါတယ်။

နူအာရဲ့ဒဏ်ရာအခြေအနေဟာ ဂျာမနီအတွက် စိုးရိမ်စရာဖြစ်ပေမယ့် ဘိုင်ယန်နည်းပြ နာဂျယ်လ်စမန်းကတော့ ဂိုးသမားဟာ စနေနေ့ ဟာသာဘာလင်နဲ့ ကစားမယ့်ပွဲမှာ ပြန်လည်ပါဝင်မယ်လို့ အတည်ပြုခဲ့ပါတယ်။

ဆက်စပ်သတင်းများ

Bundesliga Premier League

ကွန်တီကို နှစ်ပေါက်တပေါက်ရိုက်ဖို့ လုပ်နေတဲ့ ဘိုင်ယန်မြူးနစ်

ဘိုင်ယန်မြူးနစ်ဟာ လာမယ့်နွေရာသီမှာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့အတွက် တဖက်လှည့်အနေအထားမျိုးနဲ့ ကြိုးစားနေကြောင်း သိရှိရပါတယ်။ အဆိုပါ အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်ဟာ လာမယ့်နွေရာသီမှာ စပါးနဲ့ စာချုပ်သက်တမ်း နောက်ဆုံးကာလအတွင်းကို ရောက်ရှိလာမှာပါ။ ဟယ်ရီကိန်းနဲ့ စပါးစာချုပ်သက်တမ်းက (၂၀၂၄) မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။
Bundesliga

ကမ္ဘာ့ဖလားပြိုင်ပွဲနီးလာကမှ ဒဏ်ရာပြဿနာနဲ့ ကြုံတွေ့ခဲ့ရတဲ့ မာကိုရူးစ်

ဒေါ့မွန်အသင်းခေါင်းဆောင် မာကိုရူးစ်ဟာ ရှော်လ်ကေးနဲ့ ကစားခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာရရှိသွားခဲ့တာကြောင့် ထမ်းစင်နဲ့ ကွင်းထဲကနေ သယ်ထုတ်သွားခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ မာကိုရူးစ်ဟာ ရှော်လ်ကေးအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာကြောင့် စိတ်ပျက်ပြီး ငိုကြွေးနေတာကိုပါ