Bundesliga

မူဆလီယာရဲ့ခြေစွမ်းပြမှုနဲ့ ဘွန်ဒစ်လီဂါမှာ နိုင်ပွဲပျောက်ဆုံးတာကို ဘိုင်ယန်အဆုံးသတ်

ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီမနက်က ကစားခဲ့တဲ့ ဘွန်ဒစ်လီဂါ ပွဲစဉ်မှာ လေဗာကူဆင်အသင်းကို ၄ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရရှိသွားခဲ့ပါတယ်။

ဘိုင်ယန်အတွက်ဂိုးတွေကို ဆာနေး၊ မူဆလီယာ၊ မာနေးနဲ့ မူလာတို့က သွင်းယူခဲ့တာပါ။ဘိုင်ယန်အသင်းဟာ ဒီပွဲမတိုင်ခင် ကစားခဲ့တဲ့ ဘွန်ဒစ်လီဂါ ၄ ပွဲမှာ နိုင်ပွဲပျောက်ဆုံးခဲ့တာကို လေဗာကူဆင်နဲ့ ပွဲမှာ အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။

ဂိုးပေါက်ပျောက်ဆုံးနေလို့ ဝေဖန်မှုတွေ ခံနေရတဲ့ မာနေးကလည်း ဒီပွဲမှာ ဂိုးသွင်းပြီး ဖိအားဒဏ်တွေကို လျှော့ချနိုင်ခဲ့တာပါ။လူငယ်ကစားသမား မူဆလီယာကတော့ ဒီပွဲမှာ ၁ ဂိုးသွင်း ၂ ဂိုးဖန်တီးပြီး အကောင်းဆုံးကစားသမားဆုကို ရယူနိုင်ခဲ့ပါတယ်။

အသက် ၁၉ နှစ်အရွယ်သာ ရှိသေးတဲ့ မူဆလီယာဟာ ဒီရာသီ ဘိုင်ယန်မြူးနစ်အသင်းအတွက် ၇ ဂိုးသွင်းပြီး ၄ ဂိုးအထိဖန်တီးကာ ခြေစွမ်းပြသနေခဲ့တာပါ။

ဘိုင်ယန်အသင်းဟာ ဒီနိုင်ပွဲကြောင့် တစ်ပွဲပိုကစားပြီး အမှတ်ပေးဇယား ဒုတိယနေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။ဘိုင်ယန်အသင်းဟာ ကြားရက်မှာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ပလာဇန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *

ဆက်စပ်သတင်းများ

Bundesliga Premier League

ကွန်တီကို နှစ်ပေါက်တပေါက်ရိုက်ဖို့ လုပ်နေတဲ့ ဘိုင်ယန်မြူးနစ်

ဘိုင်ယန်မြူးနစ်ဟာ လာမယ့်နွေရာသီမှာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့အတွက် တဖက်လှည့်အနေအထားမျိုးနဲ့ ကြိုးစားနေကြောင်း သိရှိရပါတယ်။ အဆိုပါ အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်ဟာ လာမယ့်နွေရာသီမှာ စပါးနဲ့ စာချုပ်သက်တမ်း နောက်ဆုံးကာလအတွင်းကို ရောက်ရှိလာမှာပါ။ ဟယ်ရီကိန်းနဲ့ စပါးစာချုပ်သက်တမ်းက (၂၀၂၄) မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။
Bundesliga

ကမ္ဘာ့ဖလားပြိုင်ပွဲနီးလာကမှ ဒဏ်ရာပြဿနာနဲ့ ကြုံတွေ့ခဲ့ရတဲ့ မာကိုရူးစ်

ဒေါ့မွန်အသင်းခေါင်းဆောင် မာကိုရူးစ်ဟာ ရှော်လ်ကေးနဲ့ ကစားခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာရရှိသွားခဲ့တာကြောင့် ထမ်းစင်နဲ့ ကွင်းထဲကနေ သယ်ထုတ်သွားခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ မာကိုရူးစ်ဟာ ရှော်လ်ကေးအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာကြောင့် စိတ်ပျက်ပြီး ငိုကြွေးနေတာကိုပါ