ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် အခုနွေရာသီမှာ ရီးရယ်လ်အသင်းထံ ပြောင်းဖို့ ရွေးချယ်လိုက်ပြီလို့ သတင်းတွေအများအပြားက ဖော်ပြထားပါတယ်။
ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သစ်ချုပ်မှာမဟုတ်ဘဲ ရီးရယ်လ်အသင်းထံ အလွတ်နဲ့ ပြောင်းရွှေ့ဖို့ဆုံးဖြတ်ခဲ့ပေမယ့် ဒါကို ဆိုစီဒက်အသင်းနဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ပွဲစဉ်မတိုင်ခင်အထိ ကြေညာသွားဖွယ်မရှိတာပါ။ပီအက်စ်ဂျီအသင်းဟာ ဘတ်ပီကို ဆက်ထိန်းဖို့ အတွက် လုပ်ခလစာအများအပြားပေးပြီး ကမ်းလှမ်းခဲ့ပေမယ့် ကစားသမားက ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။
ဘတ်ပီဟာ ရီးရယ်လ်အသင်းမှာ လက်ရှိပီအက်စ်ဂျီအသင်းမှာ ရရှိနေတဲ့ လုပ်ခလစာထက် တစ်ဝက်သာရမှာဖြစ်ပေမယ့် သူ့ရဲ့အိပ်မက်အသင်းကို ပြောင်းရွှေ့မယ့် အစီအစဉ်ကို အခုနွေရာသီမှာ အကောင်အထည်ဖော်သွားဖို့ ဆုံးဖြတ်ထားတာပါ။ဘာပေဟာ ဒီလိုဆုံးဖြတ်ထားပေမယ့် ဒီရာသီအကုန်ထိ ပီအက်စ်ဂျီအသင်းအတွက် အပြည့်အဝအာရုံစိုက်သွားဖို့ ရှိနေပါတယ်။
ပြင်သစ်တိုက်စစ်မှူးဟာ ဒီရာသီမှာ ပီအက်စ်ဂျီအသင်းအတွက် ခြေစွမ်းပြသနေပြီး ၂၈ ပွဲကစားထားရာမှာ ၂၉ ဂိုးသွင်းယူထားတာဖြစ်ပါတယ်။