မက်ဆီဟာ အင်တာမိုင်ယာမီအသင်းအတွက် လိဂ်ပွဲစဉ် ၆ ပွဲသာပါဝင်ကစားခဲ့ပေမယ့် ဒီပြိုင်ပွဲရဲ့မျက်နှာသစ်တစ်နှစ်တာအကောင်းဆုံးဆုအတွက် နောက်ဆုံးဆန်ကာတင် ၃ ဦးစာရင်းမှာ ပါဝင်နေခဲ့တာဖြစ်ပါတယ်။

မက်ဆီဟာ အင်တာမိုင်ယာမီအသင်းကို လိဂ်ဖလားရယူနိုင်ခဲ့ပြီး မေဂျာလိဂ်ပထမဆုံးပွဲစဉ်အဖြစ် နယူးယော့ခ်ရက်ဘူးလ်အသင်းနဲ့ လူစားဝင်ကစားသမားအဖြစ်ပါဝင်ခဲ့ကာ သွင်းဂိုး ၁ ဂိုးသွင်းယူနိုင်ခဲ့တာပါ။အင်တာမိုင်ယာမီအသင်းဟာ ဒီပွဲမှာ အနိုင်ယူခဲ့တာကြောင့် မေဂျာလိဂ်မှာ ၁၁ ပွဲဆက်နိုင်ပွဲပျောက်ဆုံးတာကို အဆုံးသတ်နိုင်ခဲ့ပါတယ်။
မက်ဆီဟာ နောက်ပိုင်းမှာ ဒဏ်ရာကြောင့် အနားယူခဲ့ရပြီး အင်တာမိုင်ယာမီအသင်းရဲ့ပွဲစဉ်တချို့ကို လွဲချော်ခဲ့ကာ အသင်းကလည်း ပလေးအောဖ့်ဝင်ခွင့်နဲ့ လွဲချော်ခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် မက်ဆီဟာ မေဂျာလိဂ်မျက်နှာသစ်တစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက် အတ္တလန်တာအသင်းက ဂရိတိုက်စစ်မှူး ဂလာကိုမာကစ်၊ စိန့်လူးဝစ်အသင်းက လိုဝန်တို့ဖြစ်တယ်လို့ သိရပါတယ်။

မက်ဆီဟာ မေဂျာလိဂ်ရဲ့တန်ဖိုးအရှိဆုံးကစားသမားဆုအတွက် ဆန်ကာတင်စာရင်းမှာလည်း ပါဝင်ခဲ့ပေမယ့် နောက်ဆုံးဆန်ကာတင် ၃ ဦးစာရင်းမှာတော့ မပါဝင်ခဲ့တာပါ။မက်ဆီကတော့ လက်ရှိအချိန်မှာ အင်တာမိုင်ယာမီအသင်းနဲ့ ရာသီအဆုံးသတ်ခဲ့ပြီးနောက် အငှားနဲ့ မထွက်ဘဲ အာဂျင်တီးနားအသင်းအတွက် အာရုံစိုက်မယ်လို့ ပြောခဲ့ပါတယ်။