မက်ဆီဟာ ဟူစတန်ဒိုင်နမိုအသင်းနဲ့ကစားမယ့် US Open ဖလားဗိုလ်လုပွဲအတွက် အင်္ဂါနေ့က ပြုလုပ်ခဲ့တဲ့ အင်တာမိုင်ယာမီအသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်ကို လွဲချော်ခဲ့တယ်လို့ သိရပါတယ်။

မက်ဆီဟာ ဒဏ်ရာကြောင့် ပြီးခဲ့တဲ့ အော်လန်ဒိုစီးတီးအသင်းနဲ့ မေဂျာလိဂ်ပွဲစဉ်မှာလည်း အင်တာမိုင်ယာမီအသင်းအတွက်မပါဝင်နိုင်ခဲ့တာပါ။အဲ့ဒါကြောင့် US Open ဖလားဗိုလ်လုပွဲမှာတော့ အင်တာမိုင်ယာမီအသင်းအတွက် မက်ဆီပါဝင်ပေးနိုင်မယ်လို့ မျှော်လင့်နေတာဖြစ်ပေမယ့် လေ့ကျင့်ခန်းအစီအစဉ်ကို လွဲချော်ခဲ့တာကြောင့် စိုးရိမ်စရာတွေရှိလာနိုင်ပါတယ်။
ဒါပေမယ့် နည်းပြ မာတီနိုက မက်ဆီ ဗိုလ်လုပွဲမှာ ပါဝင်နိုင်ဖွယ်ရှိ၊မရှိပြောမယ့် အခြေအနေကို စောင့်ဆိုင်းနေရတာပါ။အင်တာမိုင်ယာမီအသင်းကတော့ မက်ဆီကို ဗိုလ်လုပွဲမှာ ပွဲချိန်ပြည့်မပါဝင်နိုင်ရင်တောင် မိနစ်အနည်းငယ်အသင်းအတွက် ပါဝင်ကစားပေးနိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။

အင်တာမိုင်ယာမီအသင်းဟာ မက်ဆီရောက်ရှိလာပြီးကတည်းက ရလဒ်ကောင်းတွေတောက်လျှောက်ရနေတာဖြစ်ပြီး အသင်းသမိုင်းတစ်လျှောက် ပထမဆုံးဆုဖလားဖြစ်တဲ့ လိဂ်ဖလားကို ရယူထားနိုင်ခဲ့တာပါ။အင်တာမိုင်ယာမီအသင်းဟာ US Open ဗိုလ်လုပွဲမှာ နောက်ထပ်ဆုဖလားကိုင်မြှောက်ခွင့်ရနိုင်မယ့် အခွင့်အရေးရှိနေတာဖြစ်ပါတယ်။

အင်တာမိုင်ယာမီနဲ့ ဟူစတန်ဒိုင်နမိုအသင်းတို့ရဲ့ US Open ဗိုလ်လုပွဲကို စက်တင်ဘာ ၂၈ ရက်မှာ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။