Uncategorized

စံချိန်မှတ်တမ်းတွေနဲ့ပတ်သက်ပြီးပြောလာခဲ့တဲ့ ရော်နယ်ဒို

ရော်နယ်ဒိုကတော့ အယ်လ်နာဆာအသင်းအတွက် ခြေစွမ်းပြသွင်းဂိုးတွေသွင်းယူပြီး ၂၀၂၃ ခုနှစ်အတွင်း ၄၃ ဂိုးနဲ့ ဂိုးအများဆုံးသွင်းယူထားပေမယ့် စံချိန်မှတ်တမ်းတွေကို ဂရုမစိုက်ဘူးလို့ ပြောခဲ့ပါတယ်။

ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းက အယ်လ်ဒူဟေးအသင်းကို ၄ ဂိုး- ၃ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ အာရှချန်ပီယံလိဂ်ပွဲစဉ်မှာ အသင်းအတွက် ၂ ဂိုးသွင်းယူပြီးနောက် အခုလို စံချိန်တွေတင်နိုင်ခဲ့တာပါ။ဒါပေမယ့် ရော်နယ်ဒိုကတော့ ဒီလိုစံချိန်မှတ်တမ်းတွေကို ဂရုမစိုက်ဘဲ အယ်လ်နာဆာအသင်းကို အတောင့်တင်းဆုံးအသင်းဖြစ်အောင် ပြုလုပ်ပေးချင်တယ်လို့ ပြောခဲ့ပါတယ်။

ရော်နယ်ဒိုက “ကျွန်တော်စံချိန်မှတ်တမ်းတွေကို ဂရုမစိုက်ပါဘူး။အယ်လ်နာဆာအသင်းနဲ့ ပျော်ရွှင်ဖို့ စဉ်းစားထားပြီး အသင်းကလည်းတစ်ပွဲပြီးတစ်ပွဲကို တိုးတက်နေပါတယ်။နည်းပြ၊နည်းစနစ်အဖွဲ့ဝင်တွေဟာ အသင်းကို အတောင့်တင်းဆုံးအသင်းဖြစ်အောင် ကြိုးစားအားထုတ်နေပါတယ်”

“ဒီလိုအောင်မြင်မှုတွေရရှိတာက ကျွန်တော်ပျော်ရွှင်နေတာကြောင့်ပါ။ဒါက ဘောလုံးလောကရဲ့လှပတဲ့အရာဖြစ်ပြီး ကျွန်တော်ဆက်ပြီးကစားနေခြင်းရဲ့လျှို့ဝှက်ချက်ပါပဲ”လို့ ဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

Content Технические Характеристики 1xbet (мобильное Приложение) Как Скачать Зеркало Официального Сайта 1xbet? Регистрация По Номеру Телефона Популярные Букмекеры Особенности Приложения
Uncategorized

Bonus Wyjąwszy Depozytu W Ice Casino Odbierz Bonus Na Start!

Limity umowy stosowane w Ice Casino są powiązane zwłaszcza z samą metodą płatności. Minimalne depozyty wynoszą dwadzieścia zł, co jest