ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းက အယ်လ်ဒူဟေးအသင်းကို ၄ ဂိုး- ၃ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ အာရှချန်ပီယံလိဂ်ပွဲစဉ်မှာ အသင်းအတွက် ၂ ဂိုးသွင်းပြီး ၁ ဂိုးဖန်တီးမှုပြုလုပ်ပေးသွားခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ဒီပွဲမှာ သွင်းယူခဲ့တဲ့ ၂ ဂိုးကို ဘယ်ခြေနဲ့ သွင်းယူခဲ့တာဖြစ်ပြီး ဧရိယာအပြင်ဘက်ကနေ လှပတဲ့ ကန်သွင်းချက်နဲ့ ဧရိယာအတွင်းကနေ Volley ကန်ချက်တွေနဲ့ သွင်းယူခဲ့တာဖြစ်ပါတယ်။ရော်နယ်ဒိုရဲ့ခြေစွမ်းပြမှုတွေနဲ့အတူ အယ်လ်နာဆာအသင်းဟာ အာရှချန်ပီယံလိဂ်အုပ်စုပွဲစဉ် ၃ ပွဲကစားအပြီးမှာ ၃ ပွဲစလုံးအနိုင်ရရှိကာ နောက်တစ်ဆင့်တက်ဖို့ နီးစပ်သွားခဲ့ပြီဖြစ်တာပါ။
ရော်နယ်ဒိုဟာ ဒီဂိုးတွေကြောင့် ၂၀၂၃ ထဲမှာ ၄၅ ပွဲကစားထားပြီး ၄၃ ဂိုးသွင်းယူကာ ၁၁ ဂိုးဖန်တီးထားနိုင်ခဲ့တာဖြစ်ပါတယ်။ပေါ်တူဂီအသင်းခေါင်းဆောင်ဟာ ဒီရာသီမှာ အယ်လ်နာဆာအသင်းအတွက် ၁၉ ပွဲပါဝင်ကစားထားပြီး ဂိုး ၂၀ သွင်းယူထားတာပါ။

ကစားသမားဘဝသွင်းဂိုး ၁၀၀၀ မပြည့်ခင် ဂိုး ၉၀၀ အထိရောက်ဖို့ ပစ်မှတ်ထားနေတဲ့ ရော်နယ်ဒိုအတွက်တော့ မကြာခင်အချိန်တွေအတွင်းမှာ သွင်းဂိုး ၉၀၀ ရောက်ဖို့အတွက် နီးစပ်လာနိုင်တာဖြစ်ပါတယ်။