Uncategorized

သားဖြစ်သူနဲ့အတူတွဲကစားချင်တဲ့ အိပ်မက်ကို အကောင်အထည်ဖော်မယ့် ရိုမာရီယို

အသက် ၅၈ နှစ်အရွယ်ရှိ ရိုမာရီယိုဟာ ကစားသမားဘဝက အနားယူတဲ့ ဆုံးဖြတ်ချက်ကိုပြန်ပြောင်းပြီး သားဖြစ်သူနဲ့အတူတွဲကစားဖို့အတွက် America Football Club မှာ ကစားသမားအဖြစ်စာရင်းသွင်းခဲ့တယ်လို့ သိရပါတယ်။

America Football Club ဟာ ရီယိုဒီဂျနေရိုးအခြေစိုက်ကလပ်ဖြစ်ပြီး ရီယိုဒေသတွင်းပြိုင်ပွဲရဲ့ဒုတိယတန်းမှာ ကစားနေပြီး ရိုမာရီယိုဟာ ဒီအသင်းရဲ့ဥက္ကဌအဖြစ်လည်း ဆောင်ရွက်နေတာပါ။ရိုမာရီယိုဟာ လိဂ်ပြိုင်ပွဲမှာပါဝင်ကစားမှာမဟုတ်ပေမယ့် သားဖြစ်သူ ရိုမာရင်ဟိုနဲ့ ပွဲအချို့မှာ အတူတွဲကစားချင်နေတာဖြစ်ပါတယ်။

ရိုမာရီယိုကတော့ သားဖြစ်သူနဲ့ အတူတွဲကစားချင်တဲ့ သူ့ရဲ့နောက်ထပ်အိပ်မက်တစ်ခုကို အကောင်အထည်ဖော်ချင်တယ်လို့ ဆိုခဲ့တာပါ။ရိုမာရီယိုဟာ ၂၀၀၉ ခုနှစ်က နိုဝင်ဘာလက သူ့ရဲ့နောက်ဆုံးပွဲစဉ်ကို ပါဝင်ကစားထားတာဖြစ်ပါတယ်။ဗက်စဂိုဒဂါးမားအသင်းမှာ ကစားသမားဘဝစတင်ခဲ့တဲ့ ရိုမာရီယိုဟာ ဘာစီလိုနာနဲ့ PSV အသင်းတွေမှာလည်း ပါဝင်ကစားခဲ့တာပါ။

ရိုမာရီယိုဟာ ဘရာဇီးလ်အသင်းအတွက် ပွဲပေါင်း ၇၀ ပါဝင်ကစားခဲ့ပြီး ၅၅ ဂိုးသွင်းယူကာ ၁၉၉၄ ကမ္ဘာ့ဖလားချန်ပီယံဆုအပါအဝင် ကိုပါအမေရိကဖလား ၂ ကြိမ်၊ကွန်ဖက်ဒရေးရှင်းဖလား ၁ ကြိမ်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

Content Технические Характеристики 1xbet (мобильное Приложение) Как Скачать Зеркало Официального Сайта 1xbet? Регистрация По Номеру Телефона Популярные Букмекеры Особенности Приложения
Uncategorized

Bonus Wyjąwszy Depozytu W Ice Casino Odbierz Bonus Na Start!

Limity umowy stosowane w Ice Casino są powiązane zwłaszcza z samą metodą płatności. Minimalne depozyty wynoszą dwadzieścia zł, co jest