ဘာစီလိုနာအသင်းကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းအတွက်အနိုင်ဂိုးသွင်းယူပေးခဲ့တဲ့ တိုက်စစ်ကစားသမား ဘာပေက ပီအက်စ်ဂျီအသင်းနဲ့ ချန်ပီယံလိဂ်ဖလား ရယူချင်တယ်လို့ ပြောခဲ့ပါတယ်။
ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် ဒီရာသီအကုန်မှာ ထွက်ခွာဖွယ်ရှိနေတဲ့ ဘတ်ပီဟာ အသင်းကနေ မထွက်ခွာခင်မှာ ပီအက်စ်ဂျီအသင်းကို ချန်ပီယံလိဂ်ဖလား ရရှိအောင် ကူညီပေးချင်နေတာပါ။အခုအချိန်မှာတော့ ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့လို့ ဘတ်ပီအနေနဲ့ သူ့ရဲ့မျှော်လင့်ချက်ကို ဆက်ပြီးအကောင်အထည်ဖော်လို့ရမှာဖြစ်ပါတယ်။
ဘတ်ပီက “ဒီပွဲအနိုင်ရတာက သူရဲ့အနာဂတ်ဆုံးဖြတ်ချက်ကို ပြောင်းမလားဆိုရင် ပြောင်းမှာမဟုတ်ပါဘူး။ပီအက်စ်ဂျီဂျာစီဝတ်ဆင်ရတာနဲ့ ဒီကလပ်ကို ကိုယ်စားပြုခွင့်ရတာကို ဂုဏ်ယူပါတယ်။ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ်ဖလားရယူနိုင်ဖို့ အိပ်မက်ရှိတဲ့အတွက် ဝင်ဘာလေကိုသွားနိုင်ဖို့ ကြိုးစားသွားမှာပါ”လို့ ဆိုခဲ့ပါတယ်။
ပီအက်စ်ဂျီအသင်းဟာ ပြင်သစ်လီဂူးဝမ်းပြိုင်ပွဲမှာ ချန်ပီယံဆုဖလားရဖို့ သေချာသလောက်ရှိနေပြီး ဖလားပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲရောက်ရှိနေတာပါ။အဲ့ဒါကြောင့် ဘတ်ပီအနေနဲ့ ပီအက်စ်ဂျီကစားသမားဘ၀ နောက်ဆုံးရာသီမှာ အသင်းကို ဆုဖလား ၃ လုံးရယူပေးနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။