Uncategorized

ချန်ပီယံရှစ်ပြိုင်ပွဲကို တန်းပြန်တက်နိုင်ခဲ့တဲ့ ပို့စ်မောက်

ပရီးမီးယားလိဂ်အသင်းဟောင်း ပို့စ်မောက်အသင်းဟာ ဘန်စလေအသင်းကို နောက်ကျသွင်းဂိုးတွေကြောင့် ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရပြီးနောက် လိဂ်ဝမ်းကနေ ချန်ပီယံရှစ်ပြိုင်ပွဲကို တန်းပြန်တက်နိုင်ခဲ့တာဖြစ်ပါတယ်။

လိဂ်ဝမ်းချန်ပီယံအဖြစ်နဲ့ ချန်ပီယံရှစ်ပြိုင်ပွဲကို တန်းပြန်တက်နိုင်ခဲ့တာကြောင့် ပို့စ်မောက်အသင်းပရိသတ် ထောင်ပေါင်းများစွာဟာ ကွင်းအတွင်းဝင်ရောက်ပြီး အကြီးအကျယ်အောင်ပွဲခံခဲ့ကြတာပါ။ပို့စ်မောက်အသင်းဟာ ၂၀၁၂ နောက်ပိုင်း ပထမဆုံးအကြိမ် ချန်ပီယံရှစ်ပြိုင်ပွဲကို တန်းပြန်တက်နိုင်ခဲ့တာဖြစ်ပါတယ်။

ပို့စ်မောက်အသင်းဟာ ဘဏ္ဍာရေးအခက်အခဲတွေကြောင့် ၂၀၁၃ က လိဂ်တူးကို တန်းဆင်းခဲ့ပြီးနောက် ချန်ပီယံရှစ်ပြိုင်ပွဲကို တန်းပြန်တက်နိုင်ဖို့ ၁၂ နှစ်ကြာစောင့်ဆိုင်းခဲ့ရတာပါ။လိဂ်ဝမ်းပြိုင်ပွဲပြီးဆုံးဖို့ ၂ ပွဲာကျန်ရှိတော့တဲ့အချိန်မှာ ပို့စ်မောက်အသင်းဟာ အဆင့် ၂ နေရာက ဒါဘီအသင်းကို ၈ မှတ်အထိဖြတ်ထားနိုင်ခဲ့တာကြောင့် လိဂ်ဝမ်းပြိုင်ပွဲမှာ ချန်ပီယံဆုကိုပါ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

PORTSMOUTH, ENGLAND – APRIL 16: Kusini Yengi of Portsmouth wades through the crowd during the Sky Bet League One match between Portsmouth and Barnsley at Fratton Park on April 16, 2024 in Portsmouth, England. (Photo by Alex Davidson/Getty Images) (Photo by Alex Davidson/Getty Images)

ချန်ပီယံရှစ်ပြိုင်ပွဲကို တိုက်ရိုက်တန်းတက်ခွင့် ၁ နေရာအတွက်ကို ဒါဘီအသင်းနဲ့ ဘောလ်တန်အသင်းတို့ အပြိုင်ကြိုးစားကြရမှာလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol