Uncategorized

ဘာကာပရိသတ်တွေရဲ့လှောင်ပြောင်မှုခံခဲ့ရပေမယ့် ဘာစီလိုနာကိုချစ်ပါတယ်ဆိုတဲ့ ဒမ်ဘီလီ

ဒမ်ဘီလီဟာ နူးကမ့်ပ်မှာကစားခဲ့တဲ့ ပီအက်စ်ဂျီအသင်းက ဘာစီလိုနာအသင်းကို ၄ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အသင်းဟောင်း ဘာစီလိုနာအသင်းပရိသတ်တွေရဲ့လှောင်ပြောင်မှုတွေကို ခံခဲ့ရပေမယ့် ဘာစီလိုနာအသင်းကို ချစ်တယ်လို့ဆိုသွားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နွေရာသီက ဘာစီလိုနာအသင်းကနေ ထွက်ခွာပြီး ပီအက်စ်ဂျီအသင်းကို ပြောင်းခဲ့တဲ့ ဒမ်ဘီလီဟာ နူးကမ့်ပ်မှာ ကစားခဲ့ရတဲ့ ကွာတားဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်မှာ ဘာစီလိုနာအသင်းပရိသတ်တွေရဲ့လှောင်ပြောင်မှုကို ခံခဲ့ရပေမယ့် အကောင်းဆုံးခြေစွမ်းပြကာ ဒီပွဲရဲ့အကောင်းဆုံးကစားသမားဆုကိုပါ ရရှိသွားခဲ့တာပါ။

ဒမ်ဘီလီဟာ ဘာစီလိုနာအသင်းနဲ့ ကစားခဲ့ရတဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် နှစ်ကျော့စလုံးဂိုးသွင်းပြီး အသင်းကို ဆီမီးဖိုင်နယ်တက်နိုင်ခဲ့ပေမယ့် ဘာစီလိုနာအသင်းကို သူချစ်တယ်လို့ ပွဲအပြီးအင်တာဗျူးမှာ ဆိုခဲ့ပါတယ်။

ဒမ်ဘီလီက “လှောင်ပြောင်မှုတွေကြောင့် ကျနော့်ရဲ့ပွဲကိုပြောင်းလဲသွားမှာမဟုတ်ပါဘူး။ကျနော်အာရုံဆက်ပြီးစိုက်နေခဲ့ပြီး အရာအားလုံးပေးခဲ့ပါတယ်။ဘာစီလိုနာက ကြီးကျယ်တဲ့အသင်းဖြစ်ပြီး ဒီအသင်းကို ကျနော်ချစ်ပါတယ်။လှောင်ပြောင်မှုတွေကို ကျနော်နားလည်ပြီး ဒါက ဘဝပါပဲ”လို့ ဆိုခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဖြစ် အုပ်စုတွင်းမှာ တွေ့ဆုံခဲ့ရတဲ့ ဒေါ့မွန်အသင်းနဲ့ ပြန်လည်ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

Content Технические Характеристики 1xbet (мобильное Приложение) Как Скачать Зеркало Официального Сайта 1xbet? Регистрация По Номеру Телефона Популярные Букмекеры Особенности Приложения
Uncategorized

Bonus Wyjąwszy Depozytu W Ice Casino Odbierz Bonus Na Start!

Limity umowy stosowane w Ice Casino są powiązane zwłaszcza z samą metodą płatności. Minimalne depozyty wynoszą dwadzieścia zł, co jest