Uncategorized

ဟာလန်းနဲ့အပြိုင် ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို စိန်ခေါ်နေတဲ့ ကိုးလ်ပါလ်မာ

ချယ်လ်ဆီးအသင်းတိုက်စစ်ကစားသမား ကိုးလ်ပါလ်မာဟာ အဲဗာတန်အသင်းနဲ့ပွဲမှာ အသင်းအတွက် ၄ ဂိုးသွင်းယူပြီးနောက် မန်စီးတီးအသင်းဖော်ဟောင်း ဟာလန်းနဲ့အပြိုင် ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို စိန်ခေါ်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီက မန်စီးတီးအသင်းကနေ ရောက်ရှိလာပြီးကတည်းက ချယ်လ်ဆီးအသင်းအတွက် ခြေစွမ်းပြသနေတဲ့ ကိုးလ်ပါလ်မာဟာ ဒီရာသီ ပရီးမီးယားလိဂ်သွင်းဂိုး ၂၀ အထိရှိသွားခဲ့ပြီဖြစ်တာပါ။အဲ့ဒါကြောင့် ကိုးလ်ပါလ်မာဟာ မန်စီးတီးအသင်းဖော်ဟောင်း ဟာလန်းနဲ့အတူ ပရီးမီးယားလိဂ်သွင်းဂိုးအများဆုံးအဖြစ် သွင်းဂိုး ၂၀ နဲ့ ပူးတွဲရပ်တည်နေတာဖြစ်ပါတယ်။

ကိုးလ်ပါလ်မာဟာ အိမ်ကွင်းစတမ်းဖိုဒ့်ဘရစ်ချ်မှာ ပရီးမီးယားလိဂ်ဟက်ထရစ်ကို ၂ ပွဲဆက်ရယူနိုင်ခဲ့တာဖြစ်ပြီး အဲဗာတန်အသင်းနဲ့ပွဲမှာ သွင်းယူခဲ့တဲ့ ဟက်ထရစ်ဟာ ချယ်လ်ဆီးအသင်းရဲ့ပရီးမီးယားလိဂ်သမိုင်းမှာ အမြန်ဆုံးဟက်ထရစ်ဂိုးလည်း ဖြစ်ခဲ့တာပါ။

ကိုးလ်ပါလ်မာဟာ လက်ရှိအချိန်မှာ ဟာလန်းနဲ့အတူ ဒီရာသီ ပရီးမီးယားလိဂ်ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ပူးတွဲရပ်တည်နေတာကြောင့် လာမယ့်ပွဲတွေမှာ ဂိုးတွေအများအပြားသွင်းပြီး ရာသီအကုန်မှာ ရွှေဖိနပ်ဆုရယူသွားနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol