Uncategorized

ပင်နယ်တီလုကန်တာကို နောက်တစ်ကြိမ်ထပ်ပြီးမတွေ့ချင်ဘူးလို့ သတိပေးခဲ့တဲ့ ပိုချက်တီနို

ချယ်လ်ဆီးအသင်းနည်းပြ ပိုချက်တီနိုက အဲဗာတန်အသင်းကို ၆ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ ပင်နယ်တီလုကန်တဲ့ဖြစ်ရပ်ကို နောက်တစ်ကြိမ်ထပ်ပြီး မတွေ့ချင်ဘူးလို့ ချယ်လ်ဆီးကစားသမားတွေကို သတိပေးခဲ့ပါတယ်။

ဒီပွဲမှာ ချယ်လ်ဆီးအသင်းအတွက်ဂိုးတွေကို ကိုးလ်ပါလ်မာက ၄ ဂိုး၊ဂျက်ဆန်နဲ့ ဂေးလ်ခရစ်တို့က သွင်းယူခဲ့တာပါ။ချယ်လ်ဆီးအသင်းဟာ ၄ ဂိုး- ဂိုးမရှိနဲ့ ဦးဆောင်ထားချိန်မှာ ပင်နယ်တီကန်သွင်းခွင့်ရခဲ့ပြီး မာဒူကီနဲ့ ဂျက်ဆန်တို့က ကိုးလ်ပါလ်မာဆီကနေ ပင်နယ်တီလုကန်ခဲ့တာဖြစ်ပါတယ်။နောက်ဆုံးမှာတော့ ကိုးလ်ပါလ်မာကပဲ ဒီပင်နယ်တီကို ဂိုးအဖြစ်ပြောင်းလဲခဲ့တာပါ။

ချယ်လ်ဆီးအသင်းနည်းပြ ပိုချက်တီနိုကတော့ ဒီဖြစ်ရပ်ကို အလွန်စိတ်ပျက်မိပြီး ကိုးလ်ပါလ်မာကသာ အသင်းရဲ့ပင်နယ်တီကန်သွင်းတဲ့သူဖြစ်တယ်လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ပိုချက်တီနိုက “ဒီလိုမျိုးလုပ်ရပ်မျိုးကို ကျနော်လက်မခံနိုင်ပါဘူး။ဒါကို နောက်တစ်ကြိမ်ထပ်မတွေ့ချင်ဘူးလို့ သူတို့ကို ပြောထားပါတယ်။ကြီးကျယ်တဲ့အသင်းဖြစ်ချင်တယ်ဆိုရင် စုပေါင်းသွားတဲ့ပုံစံနဲ့ ပြောင်းလဲဖို့လိုပါတယ်။ပင်နယ်တီကန်သွင်းရမယ့်သူက ကိုးလ်ပါလ်မာပါ။သူကသာ ဘယ်အသင်းဖော်ကို ပင်နယ်တီပေးကန်မလဲဆိုတာ ဆုံးဖြတ်ပါလိမ့်မယ်”

“ဒါက ရှက်ဖို့ကောင်းပါတယ်။အများကြီးသင်ယူမှုတွေပြုလုပ်ချင်တဲ့ လူငယ်အသင်းအတွက် ဒါကလုပ်ငန်းစဉ်တစ်ခုပါ။ဒီဖြစ်ရပ်အတွက် ပရိသတ်တွေကို ကျနော်တောင်းပန်ပါတယ်”လို့ ဆိုခဲ့ပါတယ်။

LONDON, ENGLAND – APRIL 15: Cole Palmer of Chelsea poses for a photo with the Player of the Match award and the match ball following the Premier League match between Chelsea FC and Everton FC at Stamford Bridge on April 15, 2024 in London, England. (Photo by Darren Walsh/Chelsea FC via Getty Images)

ဒီပွဲမှာ ချယ်လ်ဆီးအတွက် ၄ ဂိုးသွင်းခဲ့တဲ့ ကိုးလ်ပါလ်မာဟာ ၂၀၁၀ ခုနှစ်က လမ်းပတ်နောက်ပိုင်း ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ တစ်ပွဲတည်း ၄ ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးချယ်လ်ဆီးကစားသမား ဖြစ်လာခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

Content Технические Характеристики 1xbet (мобильное Приложение) Как Скачать Зеркало Официального Сайта 1xbet? Регистрация По Номеру Телефона Популярные Букмекеры Особенности Приложения
Uncategorized

Bonus Wyjąwszy Depozytu W Ice Casino Odbierz Bonus Na Start!

Limity umowy stosowane w Ice Casino są powiązane zwłaszcza z samą metodą płatności. Minimalne depozyty wynoszą dwadzieścia zł, co jest