Uncategorized

အင်တာက ထွက်ပြီး ယူနိုက်တက်ကို ပြောင်းခဲ့တဲ့အပေါ် နောင်တမရဘူးလို့ ဆိုခဲ့တဲ့ အိုနာနာ

အင်တာမီလန်နဲ့ ကာဂလီယာရီတို့ ၂ ဂိုးစီသရေကျတဲ့ ပွဲမှာ ဆန်စီရိုကို လာရောက်ပြီး အသင်းဟောင်းကို အားပေးခဲ့တဲ့ အိုနာနာက အင်တာမီလန်က ထွက်ခွာပြီး ယူနိုက်တက်အသင်းကို ပြောင်းခဲ့တဲ့ အပေါ်နောင်တမရဘူးလို့ ဆိုခဲ့ပါတယ်။

အိုနာနာဟာ ပြီးခဲ့တဲ့ နွေရာသီက အင်တာမီလန်ကထွက်ခွာပြီး ယူနိုက်တက်ကို ပြောင်းခဲ့တာပါ။အိုနာနာဟာ အင်တာမီလန်အသင်းမှာ ကစားခဲ့တုန်းက လက်စွမ်းပြသခဲ့ပြီး အသင်းကို ချန်ပီယံလိဂ်ဗိုလ်လုပွဲရောက်ရှိအောင် ပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။

အိုနာနာဟာ ယူနိုက်တက်ကစားသမားဘဝ အစပိုင်းမှာ ဝေဖန်မှုပြင်းပြင်းထန်ထန်ခံခဲ့ရပေမယ့် နောက်ပိုင်းမှာ ဂိုးကန်သွင်းမှုအများအပြားကို ကာကွယ်နိုင်ခဲ့တာပါ။ယူနိုက်တက်အသင်းရဲ့ခံစစ်ပိုင်းဆိုးရွားမှုကြောင့် အိုနာနာဟာ ဂိုးကာကွယ်မှုအများအပြားကို ပြုလုပ်နေခဲ့ရတာဖြစ်ပါတယ်။

အိုနာနာက”အင်တာမီလန်က ကျနော့်အတွက် မိသားစုလိုပါပဲ။ပရိသတ်တွေကိုချစ်ပြီး အားလုံးအကောင်းဆုံးဖြစ်ဖို့ ဆန္ဒပြုပါတယ်။အင်တာက ထွက်တဲ့အပေါ် နောင်တရလားဆိုတော့ မရပါဘူး။ယူနိုက်တက်မှာ ကျနော်ပျော်ရွှင်ပါတယ်”

“အင်တာမှာလည်း ကျနော်ပျော်ပြီး ဒီကလပ်က မယုံနိုင်လောက်အောင်ဖြစ်ပြီး အလွန်ကောင်းမွန်တယ်”လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

Content Технические Характеристики 1xbet (мобильное Приложение) Как Скачать Зеркало Официального Сайта 1xbet? Регистрация По Номеру Телефона Популярные Букмекеры Особенности Приложения
Uncategorized

Bonus Wyjąwszy Depozytu W Ice Casino Odbierz Bonus Na Start!

Limity umowy stosowane w Ice Casino są powiązane zwłaszcza z samą metodą płatności. Minimalne depozyty wynoszą dwadzieścia zł, co jest