Uncategorized

အာဆင်နယ်ကို ထာဝရချစ်မြတ်နိုးတယ်လို့ ရှုံးအောင်လုပ်အပြီးမှာ ဆိုခဲ့တဲ့ အီမီမာတီနက်ဇ်

အက်စတွန်ဗီလာအသင်းဂိုးသမား အီမီမာတီနက်ဇ်ဟာ အာဆင်နယ်အသင်းကို ပရီးမီးယားလိဂ်ချန်ပီယံမျှော်လင့်ချက်အတွက် ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်အောင် သူ့အသင်းအတွက် ကူညီပေးခဲ့ပေမယ့် သူဟာ အာဆင်နယ်အသင်းကို ထာဝရချစ်မြတ်နိုးတယ်လို့ဆိုခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ နှစ်ပေါင်း ၂၀ ကျော်ကြာစောင့်ဆိုင်းနေရတဲ့ ပရီးမီးယားလိဂ်ဖလားကို ဒီရာသီမှာ ရယူနိုင်ဖို့ မျှော်လင်နေ့ခဲ့ပေမယ့် ဗီလာအသင်းကို အိမ်ကွင်းမှာ ၂ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာကြောင့် စိတ်ပျက်စရာဖြစ်ခဲ့ရတာပါ။ဒီပွဲမှာ အာဆင်နယ်အသင်းဂိုးရနိုင်မယ့် အခွင့်အရေးတွေကို သူတို့ရဲ့ဂိုးသမားဟောင်း ဖြစ်ခဲ့တဲ့ အီမီမာတီနက်ဇ်က ကာကွယ်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

အီမီမာတီနက်ဇ်ဟာ အာဆင်နယ်အသင်းမှာ ၈ နှစ်ကြာကစားခဲ့ပြီး ၂၀၂၀ ခုနှစ်မှာ ဗီလာအသင်းထံ ပြောင်းရွှေ့ခဲ့တာပါ။အာဂျင်တီးနားအသင်းနဲ့ ကမ္ဘာ့ဖလားရယူနိုင်ခဲ့တဲ့ အီမီမာတီနက်ဇ်ဟာ ဒီရာသီမှာ အက်စတွန်ဗီလာအသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်ရရှိနိုင်အောင် လက်စွမ်းပြသနေတာဖြစ်ပါတယ်။

အီမီမာတီနက်ဇ်က”ကျနော်ဒီမှာ ၁၀ နှစ်၊၁၁ နှစ်လောက်ရှိခဲ့တာပါ။ဒီမှာ ကျနော့်ရဲ့သူငယ်ချင်းတွေရှိနေတုန်းပါပဲ။ဒီကို လူငယ်အဖြစ်ရောက်လာပြီး လူကြီးအဖြစ်နဲ့ ပြန်ထွက်ခွာခဲ့ပါတယ်။ဒီအသင်းကို ကျနော်အမြဲတမ်းချစ်နေမှာပါ။အာတီတာဟာ ကမ္ဘာ့အကောင်းဆုံးနည်းပြတွေထဲက တစ်ဦးဖြစ်ပြီး သူနဲ့အလုပ်တွဲလုပ်ဖူးပါတယ်။သူဘယ်လောက်ထိကောင်းလဲဆိုတာ ကျနော်သိတယ်”လို့ဆိုခဲ့ပါတယ်။

ဗီလာအသင်းဟာ ကြားရက်ထဲမှာ ယူရိုပါကွန်းဖရန့်စ်ကွာတားဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်အဖြစ် လိုင်လီအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အာဆင်နယ်က ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ဒုတိယအကျော့အဖြစ် ဘိုင်ယန်မြူးနစ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol