Uncategorized

သတင်းစာရှင်းလင်းပွဲခန်းမအတွင်းမှာ ကစားသမားတွေရဲ့ဘီယာနဲ့ရေချိုးပေးတာခံခဲ့ရတဲ့ အလွန်ဆို

လေဗာကူဆင်အသင်းကတော့ မနေ့က ကစားခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဝါဒါဘရီမင်အသင်းကို ၅ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရပြီးနောက် အသင်းရဲ့နှစ်ပေါင်း ၁၂၀ သက်တမ်းအတွင်းမှာ ပထမဆုံးအကြိမ် ဘွန်ဒစ်လီဂါဖလားကို ရရှိသွားခဲ့ပါတယ်။

ဒီရာသီ ဘွန်ဒစ်လီဂါပွဲစဉ်ပြီးဆုံးဖို့ ၅ ပွဲသာကျန်ရှိတော့တဲ့အချိန်မှာ လေဗာကူဆင်အသင်းဟာ အဆင့် ၂ နေရာက ဘိုင်ယန်မြူးနစ်အသင်းကို ၁၆ မှတ်အထိဖြတ်ထားနိုင်ခဲ့တာကြောင့် ရာသီမကုန်ဆုံးခင်မှာ ဆုဖလားရရှိခဲ့တာပါ။ပွဲအပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်တဲ့အချိန်မှာ လေဗာကူဆင်အသင်းကစားသမားတွေဟာ ချန်ပီယံဆိုပြီး အော်ဟစ်သီကြွေးကာ ဒီအခန်းထဲကို ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။

လေဗာကူဆင်အသင်းကစားသမားတွေဟာ သတင်းစာရှင်းလင်းပွဲခန်းမထဲမှာ နည်းပြ အလွန်ဆိုကို ဘီယာနဲ့တွေဝိုင်းလောင်းပြီး အောင်ပွဲခံမှုတွေပြုလုပ်သွားခဲ့တာပါ။ အလွန်ဆိုကတော့ ဒီလိုချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးခဲ့ကြတဲ့ ကစားသမားတွေကို အလွန်ဂုဏ်ယူပြီး လေဗာကူဆင်အသင်းက ဂျာမန်ချန်ပီယံဖြစ်တယ်ဆိုတာ ပြောလို့ရပြီလို့ ဆိုခဲ့ပါတယ်။

လေဗာကူဆင်အသင်းဟာ ပိုကယ်ဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲရောက်ရှိနေပြီး ယူရိုပါလိဂ်ပြိုင်ပွဲမှာလည်း ဆီမီးဖိုင်နယ်ကို ရောက်ရှိဖို့ နီးစပ်နေတာကြောင့် ဒီရာသီဆုဖလား ၃ လုံးရယူဖို့ အခြေအနေကောင်းနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

Content Технические Характеристики 1xbet (мобильное Приложение) Как Скачать Зеркало Официального Сайта 1xbet? Регистрация По Номеру Телефона Популярные Букмекеры Особенности Приложения
Uncategorized

Bonus Wyjąwszy Depozytu W Ice Casino Odbierz Bonus Na Start!

Limity umowy stosowane w Ice Casino są powiązane zwłaszcza z samą metodą płatności. Minimalne depozyty wynoszą dwadzieścia zł, co jest