Uncategorized

ရိုဒရီကို ရီးရယ်လ်နဲ့ပွဲမှာ အနားပေးမယ်လို့ နောက်ပြောင်ခဲ့တဲ့ ဂွာဒီယိုလာ

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ရီးရယ်လ်အသင်းနဲ့ ကစားမယ့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်မှာ အဓိက ကွင်းလယ်လူ ရိုဒရီကို အနားပေးမယ်လို့ နောက်ပြောင်သွားခဲ့တာဖြစ်ပါတယ်။

ရီးရယ်လ်နဲ့ မန်စီးတီးအသင်းတို့ ၃ ဂိုးစီသရေကျခဲ့တဲ့ ပထမအကျော့ပွဲစဉ်အပြီးမှာ ရိုဒရီက သူဟာ မောပန်းနွမ်းနယ်နေတာကြောင့် အနားယူဖို့လိုအပ်တယ်လို့ ပြောခဲ့တာပါ။အဲ့ဒါကြောင့် ဂွာဒီယိုလာဟာ လူတန်အသင်းကို ၅ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ရိုဒရီကို အသုံးပြုခဲ့ခြင်းမရှိဘဲ အနားပေးသွားခဲ့တာဖြစ်ပါတယ်။

ဂွာဒီယိုလာက “သူဟာ အနားယူဖို့လိုအပ်ခဲ့ပါတယ်။လာမယ့် ရီးရယ်လ်နဲ့ပွဲမှာလည်း သူအနားယူရပါလိမ့်မယ်။ကျနော်နောက်ပြောင်နေတာပါ”လို့ ဆိုခဲ့တာပါ။

မန်စီးတီးအသင်းဟာ ၂၀၂၂ ခုနှစ် အောက်တိုဘာလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ရိုဒရီမပါဝင်ဘဲ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ နိုင်ပွဲရယူနိုင်ခဲ့တာဖြစ်ပါတယ်။လူတန်အသင်းနဲ့ကစားခဲ့တဲ့ မန်စီးတီးအသင်းလူစာရင်းမှာ ပြီးခဲ့တဲ့ ရီးရယ်လ်အသင်းနဲ့ ပထမအကျော့ပွဲမှာ မပါဝင်ခဲ့တဲ့ ဝေါလ်ကာနဲ့ အကီတို့ ပြန်လည်ပါဝင်လာခဲ့တာကြောင့် မန်စီးတီးအသင်းလူစာရင်းဟာ ပိုတောင့်တင်းလာခဲ့ပြီဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

ФЕНОМЕН NFT NON-FUNGIBLE TOKENS КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА тема научной статьи по экономике и бизнесу читайте бесплатно текст научно-исследовательской работы в электронной библиотеке КиберЛенинка

Содержание Ответы на часто задаваемые вопросы о NFT ФЕНОМЕН NFT (NON-FUNGIBLE TOKENS) КАК ОБЪЕКТА БУХГАЛТЕРСКОГО УЧЕТА Текст научной статьи по
Uncategorized

Blockmason Credit Protocol BCPT price today BCPT to USD Forecast & News

Contents Blockmason Credit Protocol Price Chart Market How Many Blockmason Credit Protocol Coins Are There? Contract Address Blockmason Credit Protocol