ယူနိုက်တက်အသင်းဟာ ဘုန်းမောက်အသင်းနဲ့၂ ဂိုးစီသရေကျခဲ့ပေမယ့် နည်းပြ အဲရစ်တန်ဟတ်ကတော့ ယူနိုက်တက်အသင်းရဲ့ချန်ပီယံလိဂ်ဝင်ခွင့်နေရာကို စွန့်လွှတ်ဖို့ ငြင်းဆန်သွားခဲ့တာဖြစ်ပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/04/cf21c6f0-4122-4051-8580-6114bd22f770_erik-ten-hag-manchester-united-1024x576.jpeg)
ယူနိုက်တက်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၇ ပွဲမှာ ၁ ပွဲသာအနိုင်ရခဲ့ပြီး ရလဒ်တွေဆိုးရွားနေကာ အဆင့် ၇ နေရာကို ရောက်ရှိကာ အဆင့် ၄ နေရာက ဗီလာအသင်း၊အဆင့် ၅ နေရာက စပါးအသင်းနဲ့ ၁၀ မှတ်ကွာဟနေတာပါ။ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်ကစားဖို့ ၆ ပွဲသာကျန်ရှိတော့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ဝေးဖို့ သေချာသလောက်ရှိနေတာဖြစ်ပါတယ်။
အဲရစ်တန်ဟတ်က”ကျနော်တို့လူစာရင်းအပြည့်ရှိတုန်းက ယုံကြည်မှုတွေအမြင့်ဆုံးဖြစ်နေပေမယ့် ရှိနေတဲ့ ကစားသမားတွေနဲ့လည်း ဆက်ပြီးတိုက်ပွဲဝင်သွားဦးမှာပါ။အလားအလာရှိတဲ့ လူငယ်ကစားသမားတွေကိုလည်း ခင်ဗျားတို့မြင်တွေ့ရမှာပါ။ချန်ပီယံလိဂ်ဝင်ခွင့်ကို ကျနော်တို့စွန့်လွှတ်မှာမဟုတ်သေးဘူး”လို့ ဆိုခဲ့တာဖြစ်ပါတယ်။
![](https://www.ballpwel.com/wp-content/uploads/2024/04/0_GettyImages-2147777624-1024x538.webp)
ယူနိုက်တက်အသင်းအနေနဲ့ လက်ရှိရလဒ်တွေကြောင့် ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အဆိုးရွားဆုံးအဆင့်ရပ်တည်မှုနဲ့ ရာသီအဆုံးသတ်သွားနိုင်မလားဆိုတဲ့ အပေါ်မှာ အဲရစ်တန်ဟတ်က”ဒီမေးခွန်းကို ဖြေမှာမဟုတ်ပါဘူး။ ဒါက ဒီအချိန်မှာ အရေးမကြီးဘူး”လို့ ဆိုခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီတစ်ပတ်မှာတော့ FA ဖလားဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ကိုဗင်ထရီအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။