အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီဟာပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နိုင်ငံအသင်းချန်ပီယံမဖြစ်ရင် လက်ရွေးစင်အသင်းကနေ အနားယူမှာလို့ ဝန်ခံခဲ့ပါတယ်။

မက်ဆီဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်း ချန်ပီယံဆုရယူနိုင်အောင် ခြေစွမ်းပြသနိုင်ခဲ့တာပါ။အဲ့ဒါကြောင့်လည်း မက်ဆီဟာ ကစားသမားဘဝ ပထမဆုံးကမ္ဘာ့ဖလားနဲ့ ပြိုင်ပွဲရဲ့ရွှေဘောလုံးဆုကို ရရှိခဲ့တာပါ။
ဒါပေမယ့် မက်ဆီကတော့ ပြီးခဲ့တဲ့ ပြိုင်ပွဲမှာ ချန်ပီယံမဖြစ်ရင် သူအနားယူနေပြီလို အာဂျင်တီးနားရုပ်သံနဲ့ အင်တာဗျူးမှာပြောခဲ့တာဖြစ်ပါတယ်။

မက်ဆီက”ဒါက ကျွန်တော့်ရဲ့နောက်ဆုံးကမ္ဘာ့ဖလားလို့ သိနေခဲ့ပါတယ်။အရိုးသားဆုံးပြောရရင် ဒီပြိုင်ပွဲမှာ ချန်ပီယံမဖြစ်ခဲ့ရင် လက်ရွေးစင်အသင်းမှာ ရှိမှာမဟုတ်တော့ပါဘူး”
“အခု ကမ္ဘာ့ချန်ပီယံဖြစ်တော့ လက်ရွေးစင်အသင်းကနေ ထွက်ခွာမှာမဟုတ်ပါဘူး။ဒါကို ပျော်ပျော်ရွှင်ရွှင်နဲ့ ခံစားနေမှာ”လို့ ဆိုခဲ့ပါတယ်။

မက်ဆီဟာ မကြာတော့တဲ့ အချိန်မှာ လက်ရွေးစင်ကစားသမားဘဝက အနားယူတော့မယ်လို့ ပြောထားခဲ့တာကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားမတိုင်ခင်မှာ အနားယူဖွယ်ရှိနေတာဖြစ်ပါတယ်။