ရစ်ချာလီဆန်ဟာ စပါးနဲ့ ဘရာဇီးလ်အသင်းတွေမှာ ဂိုးပေါက်ပျောက်ဆုံးမှုတွေဆက်ပြီးဖြစ်နေတဲ့အတွက် အင်္ဂလန်ကို ပြန်ရောက်လာတဲ့အချိန်မှာ စိတ်ပိုင်းဆိုင်ရာအကူအညီကို ရယူသွားတော့မယ်လို့ ပြောလိုက်ပါတယ်။

ရစ်ချာလီဆန်ဟာ ဒီရာသီစပါးအသင်းအတွက်ကာရာဘောင်းဖလားပြိုင်ပွဲမှာသာ ဂိုးသွင်းယူထားနိုင်ပြီး ပရီးမီးယားလိဂ်မှာ ဂိုးပေါက်ပျောက်ဆုံးနေခဲ့တာပါ။ဒါ့အပြင် ဘရာဇီးလ်အသင်းအတွက် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေသွားရောက်ကစားချိန်မှာလည်း ဂိုးရနိုင်မယ့်အခွင့်အရေးကောင်းတွေကိုဖြုန်းတီးခဲ့ပြန်ပါတယ်။
အဲ့ဒါကြောင့် ရစ်ချာလီဆန်ဟာ ဘိုလီးဗီးယားအသင်းနဲ့ ပွဲမှာ သူ့ကို လူစားလဲချိန်အရန်ခုံတန်းပေါ်မှာ ငိုကြွေးနေခဲ့တာပါ။ရစ်ချာလီဆန်ဟာ ပီရူးအသင်းနဲ့ ပွဲမှာလည်း ဂိုးပေါက်ဆက်ပျောက်ဆုံးမှုကြောင့် စိတ်ပိုင်းဆိုင်ရာအကူအညီတွေရယူသွားတော့မယ်လို့ ပြောခဲ့ပါတယ်။

ရစ်ချာလီဆန်က “ကျွန်တော်အင်္ဂလန်ကို ပြန်ရောက်တဲ့အချိန်မှာစိတ်ပညာရှင်ဆီကနေ စိတ်ပိုင်းဆိုင်ရာအကူအညီတွေရယူသွားမယ်၊ပြီးရင် စိတ်ကိုကောင်းမွန်အောင် အလုပ်လုပ်သွားမယ်၊ဒါတွေလုပ်ပြီးရင် ပိုသန်မာစွာနဲ့ ပြန်လာခဲ့ပါမယ်”

“စပါးအသင်းမှာ ကောင်းမွန်တဲ့လမ်းကြောင်းရောက်ဖို့ လိုအပ်ပြီး ဒီအပတ်မှာ သူတို့နဲ့စကားပြောရမှာပါ။ကောင်းမွန်တဲ့လမ်းကြောင်းရဖို့နဲ့ ပွဲရဲ့စည်းချက်ကိုလည်း ရယူဖို့ လိုအပ်ပါတယ်”လို့ ဆိုခဲ့ပါတယ်။