ဒေါ့မွန်အသင်းဟာ လာမယ့်ဇန်နဝါရီမှာ ဆန်ချိုကို အငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။

ဒေါ့မွန်အသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့တုန်းကလည်း ဆန်ချိုကို အငှားနဲ့ ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် ယူနိုက်တက်အသင်းက ပယ်ချခဲ့တာကြောင့်အဆင်မပြေခဲ့တာပါ။အခုအချိန်မှာတော့ ဘွန်ဒစ်လီဂါကလပ်ဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာ ဆန်ချိုကို အငှားနဲ့ ခေါ်ယူဖို့အတွက် ထပ်ပြီးကြိုးစားလာဖွယ်ရှိနေတာဖြစ်ပါတယ်။
ဆန်ချိုဟာ ပြီးခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ သူ့ကို လူစာရင်းချန်လှပ်ခဲ့တဲ့အပေါ် နည်းပြ အဲရစ်တန်ဟတ်နဲ့ အဆင်မပြေမှုတွေရှိနေခဲ့တာပါ။အဲရစ်တန်ဟတ်က ဆန်ချိုကို လေ့ကျင့်ရေးကွင်းမှာ စွမ်းဆောင်ရည်ညံ့ဖျင်းလို့ အာဆင်နယ်အသင်းနဲ့ ပွဲအတွက်လူစာရင်းမှာ ချန်လှပ်ခဲ့တာလို့ ပြောခဲ့တာဖြစ်ပါတယ်။

ဆန်ချိုက အဲရစ်တန်ဟတ်ရဲ့ဒီပြောဆိုမှုအပြီးမှာ လူတွေပြောတဲ့စကားတိုင်းကို မယုံကြည်ကြဖို့နဲ့ သူဟာ လေ့ကျင့်ရေးကွင်းမှာ အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့တဲ့အကြောင်း ပြောပြီးတုံ့ပြန်ခဲ့တာပါ။အဲ့ဒါကြောင့် ဆန်ချိုနဲ့ ယူနိုက်တက်အသင်းတို့ဟာ အဆင်မပြေမှုတွေဖြစ်လာနိုင်တာဖြစ်ပြီး ပွဲကစားခွင့်ကနေ ထပ်ပြီး ချန်လှပ်ခံရနိုင်ဖွယ်ရှိနေပါတယ်။

လက်ရှိအချိန်မှာတော့ နည်းပြ အဲရစ်တန်ဟတ်က ဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ဘာမှပြောဆိုခြင်းမရှိသေးပေမယ့် လာမယ့် ဘရိုက်တန်အသင်းနဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာတော့ မီဒီယာတွေရဲ့မေးမြန်းမှုကို ခံရဖွယ်ရှိနေတာဖြစ်ပါတယ်။