နေမာဟာ အယ်လ်ဟီလယ်အသင်းက မာဇန်ဒါရမ်အသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ အာရှချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုပွဲစဉ်မှာ အယ်လ်ဟီလယ်အသင်းကစားသမားဘ၀ ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့ပြီဖြစ်ပါတယ်။

နွေရာသီက ပီအက်စ်ဂျီအသင်းကနေ ယူရိုသန်း ၉၀ နဲ့ ရောက်ရှိလာခဲ့တဲ့ နေမာဟာ အယ်လ်ဟီလယ်အသင်းအတွက် ဂိုးပေါက်ရှာဖွေနိုင်ဖို့ စောင့်ဆိုင်းခဲ့ရတာပါ။နေမာဟာ အယ်လ်ဟီလယ်အသင်းအတွက် ၅ ပွဲပါဝင်ကစားအပြီးမှာ ၁ ဂိုးသွင်းယူကာ ၃ ဂိုးဖန်တီးမှုပြုလုပ်ထားတာ ဖြစ်ပါတယ်။
အယ်လ်ဟီလယ်အသင်းဟာ အာရှချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်မှာ သရေကျခဲ့တာကြောင့် အုပ်စုတွင်း ၂ ပွဲကစားအပြီးမှ ပထမဆုံးနိုင်ပွဲကို ရယူနိုင်ခဲ့တာပါ။အယ်လ်ဟီလယ်အသင်းဟာ ဆော်ဒီလိဂ်ပြိုင်ပွဲမှာလည်း ဦးဆောင်နေတာကြောင့် ဒီရာသီမှာ ဆုဖလားတွေရယူနိုင်ဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

နေမာဟာ ဆော်ဒီကလပ်အတွက် သွင်းဂိုးဈေးဦးပေါက်သွားခဲ့ပြီဖြစ်လို့ လာမယ့်ပွဲတွေမှာလည်း သူ့ရဲ့သွင်းဂိုးကို ဆက်ပြီးမြင်တွေ့ရဖွယ်ရှိနေတာဖြစ်ပါတယ်။