ပြင်သစ်လီဂူး

မြင်းစီးရာမှာ မတော်တဆဖြစ်ပြီးနောက် ပြင်းထန်တဲ့ အခြေအနေမှာရှိနေတဲ့ ဆာဂျီယိုရီကို

ပီအက်စ်ဂျီဂိုးသမား ရီကိုဟာ မြင်းစီးရာမှာ မတော်တဆဖြစ်ပြီးနောက် အထူးကြပ်မတ်ကုသဆောင်မှာထားရှိထားပြီး ပြင်းထန်တဲ့အခြေအနေမှာရှိနေတယ်လို့ ကလပ်အသင်းက ပြောပါတယ်။

အသက် ၂၉ နှစ်အရွယ်ရှိ ရီကိုဟာ စပိန်နိုင်ငံ အယ်လ်ရိုဆီယိုဒေသမှာ မြင်းစီးနင်းခဲ့ရာမှာ ထွက်ပြေးသွားတဲ့ မြင်းတစ်ကောင်နဲ့ တိုက်မိပြီး ပြုတ်ကျသွားခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။သူ့ကို ဆီဗီးလ်ရှိဆေးရုံကို ရဟတ်ယာဉ်နဲ့ ပို့ဆောင်ခဲ့ရပါတယ်။

ရီကိုဟာ ပီအက်စ်ဂျီအသင်းက စထရာဘောင်းအသင်းနဲ့ သရေကျပြီး လီဂူးဝမ်းဖလားကို စံချိန်တင် ၁၁ ကြိမ်မြောက်ရယူနိုင်ခဲ့တဲပွဲစဉ်ရဲ့အရန်လူစာရင်းမှာပါဝင်ခဲ့ပါတယ်။အသင်းက အားလပ်ရက်ပေးတဲ့အချိန်မှာ ဇာတိဖြစ်တဲ့ စပိန်ကို ပြန်လာခဲ့တာဖြစ်ပါတယ်။

LISBON, PORTUGAL – AUGUST 12: Sergio Rico of Paris Saint-Germain gives his team instructions during the UEFA Champions League Quarter Final match between Atalanta and Paris Saint-Germain at Estadio do Sport Lisboa e Benfica on August 12, 2020 in Lisbon, Portugal. (Photo by Michael Regan – UEFA/UEFA via Getty Images)

ပီအက်စ်ဂျီအသင်းရဲ့ပြောရေးဆိုခွင့်ရှိသူက ကစားသမားရဲ့အခြေအနေဟာ ပြင်းထန်တယ်လို့ ပြောခဲ့တာပါ။ရီကိုဟာ ၂၀၁၉ က ဆီဗီလာကနေ ပြောင်းရွှေ့လာပြီးကတည်းက ပီအက်စ်ဂျီအသင်းအတွက် ၂၉ ပွဲပါဝင်ကစားခဲ့တာဖြစ်ပါတယ်။

အသင်းဟောင်းကလည်း ရီကို အမြန်ဆုံးပြန်ကောင်းမွန်လာမှာပါလို့ ရေးသားကာ ဆုတောင်းပေးခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ပြင်သစ်လီဂူး

အာဂျင်တီးနားနဲ့ ပြီးတော့ ပီအက်စ်ဂျီနဲ့ပါ ဖရီးကစ်ကနေ ဂိုးသွင်းယူခဲ့ပြန်တဲ့ မက်ဆီ

ပီအက်စ်ဂျီအသင်းက နိုက်စ်အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ မက်‌ဆီဟာ ဖရီးကစ်ကနေ တိုက်ရိုက်ဂိုးကန်သွင်းယူခဲ့ပါတယ်။ ပီအက်စ်ဂျီအတွက် ဒုတိယဂိုးကို ဘတ်ပီက သွင်းယူခဲ့တာပါ။မက်ဆီဟာ ဒီရာသီမှာ ပီအက်စ်ဂျီအတွက် ခြေစွမ်းပြသနေတာဖြစ်ပြီး အာဂျင်တီးနားအတွက် ဖရီးကစ်ဂိုးသွင်းပြီး
ပြင်သစ်လီဂူး

တစ်ရာသီကို အနီကတ်တစ်ကတ်မှ မထိရရင် နေမထိထိုင်မသာဖြစ်နေတဲ့ ရာမို့စ်

ရာမို့စ်ဟာ ရိမ်းစ်နဲ့ ကစားခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ အနီကတ်နဲ့ ထုတ်ပယ်ခံရပြီးနောက် ကစားသမားဘဝ ၂၈ ကတ်မြောက်အနီကတ်ကို ရရှိသွားခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ရာမို့စ်ဟာ ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ဒိုင်လူကြီးက အဝါကတ်တစ်ကြိမ်ပြသခဲ့ပြီးဖြစ်ပေမယ့် ဒိုင်လူကြီးကို စောဒကတက်ခဲ့တာကြောင့် နောက်ထပ် အဝါကတ်ပြသခံရပြီး ထုတ်ပယ်ခံခဲ့ရတာပါ။