ပြင်သစ်လီဂူး

စထရာဘောင်းနဲ့ သရေကစားပြီး ပြင်သစ်လီဂူးဝမ်းဖလားရယူနိုင်ခဲ့တဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီအသင်းဟာ စထရာဘောင်းအသင်းနဲ့ ကစားခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ ၁ ဂိုးစီသရေကျခဲ့တာကြောင့် အခုနှစ်ရာသီ လီဂူးဝမ်းဆုဖလားကို ရယူနိုင်ဖို့ သေချာသွားခဲ့ပြီဖြစ်ပါတယ်။

ပြင်သစ်လီဂူးဝမ်းပြိုင်ပွဲရဲ့လက်ရှိချန်ပီယံဖြစ်တဲ့ ပီအက်စ်ဂျီအသင်းဟာ ဒီပွဲမှာ မက်ဆီရဲ့သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဂါမီရိုးက ချေပဂိုးပြန်သွင်းခဲ့လို့ သရေကျခဲ့ပါတယ်။ဒီပွဲရလဒ်ဟာ ၂ သင်းစလုံးအတွက် အကျိုးရှိခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ လီဂူးဝမ်းချန်ပီယံဖြစ်ခဲ့ပြီး စထရာဘောင်းအသင်းက လာမယ့်ရာသီ လီဂူးဝမ်းမှာ ဆက်ရှိဖို့ သေချာသွားခဲ့တာပါ။ပီအက်စ်ဂျီအသင်းဟာ အခုတစ်ကြိမ်အပါအဝင် လီဂူးဝမ်းဖလားကို ၁၁ ကြိမ်မြောက်အဖြစ် ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီနည်းပြ ဂယ်လ်တီယာကလည်း အသင်းမှာ နည်းပြရာထူးမသေချာပေမယ့် ပြင်သစ်ကလပ်ကို နောက်ဆုံး ၁၁ နှစ်အတွင်း လီဂူးဝမ်းဆုဖလား ၉ ကြိမ်ရယူနိုင်အောင် ကူညီပေးနိုင်ခဲ့တာပါ။

ဒီပွဲမှာ ပီအက်စ်ဂျီအတွက် ၁ ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ မက်ဆီဟာ အခုရာသီအကုန်မှာ ပြင်သစ်ကလပ်ကနေ ထွက်ခွာတော့မှာဖြစ်ပြီ ဒီဖလားဟာ ပီအက်စ်ဂျီအသင်းနဲ့ နောက်ဆုံးရယူခဲ့တဲ့ ဆုဖလားလည်းဖြစ်ခဲ့ပါတယ်။ပ

ဆက်စပ်သတင်းများ

ပြင်သစ်လီဂူး

အာဂျင်တီးနားနဲ့ ပြီးတော့ ပီအက်စ်ဂျီနဲ့ပါ ဖရီးကစ်ကနေ ဂိုးသွင်းယူခဲ့ပြန်တဲ့ မက်ဆီ

ပီအက်စ်ဂျီအသင်းက နိုက်စ်အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ မက်‌ဆီဟာ ဖရီးကစ်ကနေ တိုက်ရိုက်ဂိုးကန်သွင်းယူခဲ့ပါတယ်။ ပီအက်စ်ဂျီအတွက် ဒုတိယဂိုးကို ဘတ်ပီက သွင်းယူခဲ့တာပါ။မက်ဆီဟာ ဒီရာသီမှာ ပီအက်စ်ဂျီအတွက် ခြေစွမ်းပြသနေတာဖြစ်ပြီး အာဂျင်တီးနားအတွက် ဖရီးကစ်ဂိုးသွင်းပြီး
ပြင်သစ်လီဂူး

တစ်ရာသီကို အနီကတ်တစ်ကတ်မှ မထိရရင် နေမထိထိုင်မသာဖြစ်နေတဲ့ ရာမို့စ်

ရာမို့စ်ဟာ ရိမ်းစ်နဲ့ ကစားခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ အနီကတ်နဲ့ ထုတ်ပယ်ခံရပြီးနောက် ကစားသမားဘဝ ၂၈ ကတ်မြောက်အနီကတ်ကို ရရှိသွားခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ရာမို့စ်ဟာ ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ဒိုင်လူကြီးက အဝါကတ်တစ်ကြိမ်ပြသခဲ့ပြီးဖြစ်ပေမယ့် ဒိုင်လူကြီးကို စောဒကတက်ခဲ့တာကြောင့် နောက်ထပ် အဝါကတ်ပြသခံရပြီး ထုတ်ပယ်ခံခဲ့ရတာပါ။