ပြင်သစ်လီဂူး

ကစားသမားဘဝ စံချိန်မှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့တဲ့ မက်‌ဆီ

မက်ဆီဟာ မာဆေးလ်အသင်းကို အနိုင်ရခဲ့တဲ့ လီဂူးဝမ်းပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းအတွက် ဂိုးသွင်းယူပေးပြီးနောက် ကလပ်ကစားသမားဘ၀ သွင်းဂိုး ၇၀၀ ပြည့်သွားခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းက မာဆေးလ်အသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ မက်ဆီက ၁ ဂိုးသွင်းပြီး၊ ဘတ်ပီက ၂ ဂိုးသွင်းယူခဲ့တာပါ။

အဲ့ဒါကြောင့် မက်ဆီဟာ ရော်နယ်ဒိုနောက် ဥရောပထိပ်တန်း ၅ လိဂ်မှာ သွင်းဂိုး ၇၀၀ ပြည့် ဒုတိယမြောက်ကစားသမားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့တာဖြစ်ပါတယ်။

မက်ဆီဟာ အသင်းဟောင်း ဘာစီလိုနာအသင်းအတွက် ၆၇၂ ဂိုးသွင်းယူနိုင်ခဲ့ပြီး၊ ပီအက်စ်ဂျီအတွက် ၂၈ ဂိုးသွင်းယူကာ အခုလို သမိုင်းမှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့တာပါ။

မက်ဆီဟာ ဒီရာသီမှာ ပီအက်စ်ဂျီအသင်းအတွက် ခြေစွမ်းပြသနေတာဖြစ်ပြီး ပြိုင်ပွဲစုံ ၂၈ ပွဲမှာ ၁၇ ဂိုးအထိသွင်းယူခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းကလည်း ဒီနိုင်ပွဲကြောင့် လီဂူးဝမ်းအမှတ်ပေးဇယားကို ၈ မှတ်ဖြတ်ပြီး ဦးဆောင်ထားနိုင်ခဲ့တာဖြစ်ပြီး လာမယ့်အပတ်မှာတော့ နန့်တက်စ်အသင်းနဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ပြင်သစ်လီဂူး

အာဂျင်တီးနားနဲ့ ပြီးတော့ ပီအက်စ်ဂျီနဲ့ပါ ဖရီးကစ်ကနေ ဂိုးသွင်းယူခဲ့ပြန်တဲ့ မက်ဆီ

ပီအက်စ်ဂျီအသင်းက နိုက်စ်အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ မက်‌ဆီဟာ ဖရီးကစ်ကနေ တိုက်ရိုက်ဂိုးကန်သွင်းယူခဲ့ပါတယ်။ ပီအက်စ်ဂျီအတွက် ဒုတိယဂိုးကို ဘတ်ပီက သွင်းယူခဲ့တာပါ။မက်ဆီဟာ ဒီရာသီမှာ ပီအက်စ်ဂျီအတွက် ခြေစွမ်းပြသနေတာဖြစ်ပြီး အာဂျင်တီးနားအတွက် ဖရီးကစ်ဂိုးသွင်းပြီး
ပြင်သစ်လီဂူး

တစ်ရာသီကို အနီကတ်တစ်ကတ်မှ မထိရရင် နေမထိထိုင်မသာဖြစ်နေတဲ့ ရာမို့စ်

ရာမို့စ်ဟာ ရိမ်းစ်နဲ့ ကစားခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ အနီကတ်နဲ့ ထုတ်ပယ်ခံရပြီးနောက် ကစားသမားဘဝ ၂၈ ကတ်မြောက်အနီကတ်ကို ရရှိသွားခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ရာမို့စ်ဟာ ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ဒိုင်လူကြီးက အဝါကတ်တစ်ကြိမ်ပြသခဲ့ပြီးဖြစ်ပေမယ့် ဒိုင်လူကြီးကို စောဒကတက်ခဲ့တာကြောင့် နောက်ထပ် အဝါကတ်ပြသခံရပြီး ထုတ်ပယ်ခံခဲ့ရတာပါ။