ပြင်သစ်လီဂူး

ဘတ်ပီကို PSG ဒုအသင်းခေါင်းဆောင်ပေးခဲ့တာနဲ့ ပတ်သက်ပြီး ပြောလာတဲ့ ကင်မ်ပန်ဘီ

ကင်မ်ပန်ဘီက ပီအက်စ်ဂျီအသင်းမှာ သူ့ရဲ့ ဒုအသင်းခေါင်းဆောင်ရာထူးကို ဘတ်ပီထံ အစားထိုးပေးလိုက်တာနဲ့ ပတ်သက်ပြီး သတိမထားမိဘူးလို့ ပြောလာခဲ့ပါတယ်။

ဘတ်ပီဟာ ပြီးခဲ့တဲ့ ဖလားပွဲစဉ်မှာ မာကွင်ဟိုမပါဝင်တာကြောင့် အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ခဲ့ရတာပါ။ပီအက်စ်ဂျီအသင်းဟာ မာကွင်ဟိုမပါဝင်ရင် ကင်မ်ပန်ဘီနဲ့ ဗာရတ်တီတို့ကို ဒုတိယနဲ့ တတိယအသင်းခေါင်းဆောင်တွေအဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။

ဒီပွဲအပြီးမှာ နည်းပြ ဂယ်လ်တီယာက ဘတ်ပီကို ဒုအသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ထားတယ်လို့ ပြောခဲ့တာပါ။ကင်မ်ပန်ဘီကတော့ ဒါနဲ့ ပတ်သက်ပြီး သူ့ကို အသိပေးခဲ့ခြင်းမရှိဘူးလို့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။

ကင်မ်ပန်ဘီက “ကျွန်တော်ဟာ ပြီးခဲ့တဲ့ နာရီပိုင်းအတွင်းမှာ တော်တော်များများကို ကြားသိပြီးဖတ်နိုင်ခဲ့ပါတယ်။သတင်းအမှားတွေမပြန့်စေဖို့အတွက် ရှင်းရှင်းလင်းလင်းသိစေချင်ပါတယ်။ဒီဆုံးဖြတ်ချက်တွေကို ကျွန်တော်သတိမထားမိပါဘူး။ကလပ်ရဲ့ဆုံးဖြတ်ချက်တွေကို ကျွန်တော်အမြဲတမ်းလေးစားပါတယ်”လို့ အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။

ကင်မ်ပန်ဘီဟာ ဒဏ်ရာကြောင့် အနားယူနေရပြီး အသင်းခေါင်းဆောင်လက်ပတ်ကို အောက်တိုဘာ ၂၉ ရက်က ထရိုယတ်စ်နဲ့ပွဲမှာ ဝတ်ဆင်ခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ပြင်သစ်လီဂူး

အာဂျင်တီးနားနဲ့ ပြီးတော့ ပီအက်စ်ဂျီနဲ့ပါ ဖရီးကစ်ကနေ ဂိုးသွင်းယူခဲ့ပြန်တဲ့ မက်ဆီ

ပီအက်စ်ဂျီအသင်းက နိုက်စ်အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ မက်‌ဆီဟာ ဖရီးကစ်ကနေ တိုက်ရိုက်ဂိုးကန်သွင်းယူခဲ့ပါတယ်။ ပီအက်စ်ဂျီအတွက် ဒုတိယဂိုးကို ဘတ်ပီက သွင်းယူခဲ့တာပါ။မက်ဆီဟာ ဒီရာသီမှာ ပီအက်စ်ဂျီအတွက် ခြေစွမ်းပြသနေတာဖြစ်ပြီး အာဂျင်တီးနားအတွက် ဖရီးကစ်ဂိုးသွင်းပြီး
ပြင်သစ်လီဂူး

တစ်ရာသီကို အနီကတ်တစ်ကတ်မှ မထိရရင် နေမထိထိုင်မသာဖြစ်နေတဲ့ ရာမို့စ်

ရာမို့စ်ဟာ ရိမ်းစ်နဲ့ ကစားခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ အနီကတ်နဲ့ ထုတ်ပယ်ခံရပြီးနောက် ကစားသမားဘဝ ၂၈ ကတ်မြောက်အနီကတ်ကို ရရှိသွားခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ရာမို့စ်ဟာ ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ဒိုင်လူကြီးက အဝါကတ်တစ်ကြိမ်ပြသခဲ့ပြီးဖြစ်ပေမယ့် ဒိုင်လူကြီးကို စောဒကတက်ခဲ့တာကြောင့် နောက်ထပ် အဝါကတ်ပြသခံရပြီး ထုတ်ပယ်ခံခဲ့ရတာပါ။