ပြင်သစ်လီဂူး

အေဂျက်စီယိုနဲ့ ပွဲမှာ ၁ ဂိုးသွင်း ၂ ဂိုးဖန်တီးပြီး ခြေစွမ်းပြသခဲ့တဲ့ မက်ဆီ

မက်ဆီကတော့ ပီအက်စ်ဂျီအသင်းက အေဂျက်စီယိုအသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ခြေစွမ်းပြပြီး အသင်းသွင်းယူခဲ့တဲ့ ၃ ဂိုးစလုံးမှာ ပါဝင်ပတ်သက်ခဲ့တာဖြစ်ပါတယ်။

မက်ဆီဟာ ဒီပွဲမှာ ဘတ်ပီသွင်းယူခဲ့တဲ့ ၂ ဂိုးကို ဖန်တီးခဲ့သလို သူကိုယ်တိုင်လည်း ၁ ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ရာသီက ရုန်းကန်ခဲ့ရတဲ့ မက်ဆီဟာ ဒီရာသီမှာတော့ အရင်မက်ဆီဆိုတဲ့ ပုံစံကို ပြန်ရနေတာကိုလည်း မြင်တွေ့ခဲ့ရတာပါ။

မက်ဆီဟာ ဒီပွဲမှာ သွင်းယူခဲ့တဲ့ ဂိုးဆိုရင် ဘတ်ပီနဲ့တွဲဖက်ပြီး ပြိုင်ဘက် ဂိုးသမားကို အနီးကပ်လိမ်ခေါက်ကာ လှပတဲ့ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။မက်ဆီဟာ ဒီရာသီ ၁၇ ပွဲကစားအပြီးမှာ ၁၃ ဂိုးသွင်းယူကာ ၁၀ ဂိုးအထိ ဖန်တီးထားနိုင်ခဲ့တာပါ။

မက်ဆီဟာ ဒီရာသီမှာ ပီအက်စ်ဂျီအတွက် ခြေစွမ်းပြသနေပြီး စက်တင်ဘာလအတွက် လီဂူးဝမ်းရဲ့တစ်လတာအကောင်းဆုံးကစားသမား အဖြစ်လည်း ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။

30 Lionel Leo MESSI (psg) – 07 Kylian MBAPPE (psg) during the Ligue 1 Uber Eats match between Ajaccio and Paris at Stade Francois Coty on October 21, 2022 in Ajaccio, France. (Photo by Philippe Lecoeur/FEP/LP/Icon Sport) – Photo by Icon sport

ပီအက်စ်ဂျီအသင်းကလည်း ဒီနိုင်ပွဲကြောင့် ဒုတိယနေရာက လော်ရီးယန့်အသင်းကို ၆ မှတ်အသာရပြီး ပြင်သစ်လီဂူးဝမ်း အမှတ်ပေးဇယားကို ဦးဆောင်နေတာဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *

ဆက်စပ်သတင်းများ

ပြင်သစ်လီဂူး

အာဂျင်တီးနားနဲ့ ပြီးတော့ ပီအက်စ်ဂျီနဲ့ပါ ဖရီးကစ်ကနေ ဂိုးသွင်းယူခဲ့ပြန်တဲ့ မက်ဆီ

ပီအက်စ်ဂျီအသင်းက နိုက်စ်အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ မက်‌ဆီဟာ ဖရီးကစ်ကနေ တိုက်ရိုက်ဂိုးကန်သွင်းယူခဲ့ပါတယ်။ ပီအက်စ်ဂျီအတွက် ဒုတိယဂိုးကို ဘတ်ပီက သွင်းယူခဲ့တာပါ။မက်ဆီဟာ ဒီရာသီမှာ ပီအက်စ်ဂျီအတွက် ခြေစွမ်းပြသနေတာဖြစ်ပြီး အာဂျင်တီးနားအတွက် ဖရီးကစ်ဂိုးသွင်းပြီး
ပြင်သစ်လီဂူး

တစ်ရာသီကို အနီကတ်တစ်ကတ်မှ မထိရရင် နေမထိထိုင်မသာဖြစ်နေတဲ့ ရာမို့စ်

ရာမို့စ်ဟာ ရိမ်းစ်နဲ့ ကစားခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ အနီကတ်နဲ့ ထုတ်ပယ်ခံရပြီးနောက် ကစားသမားဘဝ ၂၈ ကတ်မြောက်အနီကတ်ကို ရရှိသွားခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ရာမို့စ်ဟာ ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ဒိုင်လူကြီးက အဝါကတ်တစ်ကြိမ်ပြသခဲ့ပြီးဖြစ်ပေမယ့် ဒိုင်လူကြီးကို စောဒကတက်ခဲ့တာကြောင့် နောက်ထပ် အဝါကတ်ပြသခံရပြီး ထုတ်ပယ်ခံခဲ့ရတာပါ။