ပြင်သစ်လီဂူး

ဒီရာသီ သူတစ်ဦးတည်းသာလုပ်နိုင်သေးတဲ့ စံချိန်တစ်ခုကို တင်နိုင်ခဲ့ပြန်တဲ့ မက်ဆီ

မက်ဆီဟာ ပီအက်စ်ဂျီအသင်းက အော်ဇေးအသင်းကို အနိုင်ရခဲ့တဲ့ လီဂူးဝမ်းပွဲစဉ်မှာ ဘတ်ပီသွင်းယူခဲ့တဲ့ဂိုးကို ဖန်တီးခဲ့ပြီးနောက် စံချိန်တစ်ခုကို တင်နိုင်ခဲ့ပါတယ်။

ဒါကတော့ မက်ဆီဟာ ဒီရာသီပြိုင်ပွဲစုံ သွင်းဂိုး ၂၀ နဲ့အထက်၊ ဂိုးဖန်တီးမှု ၂၀ နဲ့ အထက် ပြုလုပ်နိုင်တဲ့ ဥရောပထိပ်တန်း ၅ လိဂ်ရဲ့တစ်ဦးတည်းသောကစားသမားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

မက်ဆီဟာ ပီအက်စ်ဂျီပရိသတ်တွေရဲ့လှောင်ပြောင်မှုကို ခံခဲ့ရပေမယ့် ဒီရာသီမှာ အသင်းအတွက် ခြေစွမ်းပြသနေပြီး အခုလိုမျိူး ဥရောပထိပ်တန်းလိဂ်တွေမှာ ဘယ်သူမှ မလုပ်နိုင်တဲ့ စံချိန်မျိုးကို တင်နိုင်ခဲ့တာပါ။

ပီအက်စ်ဂျီအသင်းဟာ တိုက်စစ်မှူး ဘတ်ပီသွင်းယူတဲ့ ၂ ဂိုးနဲ့ ဒီပွဲမှာ အော်ဇေးအသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး လီဂူးဝမ်းဖလားရယူနိုင်ဖို့ အခြေအနေကောင်းတွေပိုင်ဆိုင်သွားပြီဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ လက်ကျန် ၂ ပွဲမှာ ရမှတ် ၁ မှတ်ရတာနဲ့ ချန်ပီယံဆုကို ရယူနိုင်တော့မှာပါ။ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံဆုကို ရယူနိုင်မှာဖြစ်ပေမယ့် မက်ဆီကတော့ ရာသီအကုန်မှာ အသင်းကနေ ထွက်ခွာဖို့ ရှိနေပြီဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ပြင်သစ်လီဂူး

အာဂျင်တီးနားနဲ့ ပြီးတော့ ပီအက်စ်ဂျီနဲ့ပါ ဖရီးကစ်ကနေ ဂိုးသွင်းယူခဲ့ပြန်တဲ့ မက်ဆီ

ပီအက်စ်ဂျီအသင်းက နိုက်စ်အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ မက်‌ဆီဟာ ဖရီးကစ်ကနေ တိုက်ရိုက်ဂိုးကန်သွင်းယူခဲ့ပါတယ်။ ပီအက်စ်ဂျီအတွက် ဒုတိယဂိုးကို ဘတ်ပီက သွင်းယူခဲ့တာပါ။မက်ဆီဟာ ဒီရာသီမှာ ပီအက်စ်ဂျီအတွက် ခြေစွမ်းပြသနေတာဖြစ်ပြီး အာဂျင်တီးနားအတွက် ဖရီးကစ်ဂိုးသွင်းပြီး
ပြင်သစ်လီဂူး

တစ်ရာသီကို အနီကတ်တစ်ကတ်မှ မထိရရင် နေမထိထိုင်မသာဖြစ်နေတဲ့ ရာမို့စ်

ရာမို့စ်ဟာ ရိမ်းစ်နဲ့ ကစားခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ အနီကတ်နဲ့ ထုတ်ပယ်ခံရပြီးနောက် ကစားသမားဘဝ ၂၈ ကတ်မြောက်အနီကတ်ကို ရရှိသွားခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ရာမို့စ်ဟာ ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ဒိုင်လူကြီးက အဝါကတ်တစ်ကြိမ်ပြသခဲ့ပြီးဖြစ်ပေမယ့် ဒိုင်လူကြီးကို စောဒကတက်ခဲ့တာကြောင့် နောက်ထပ် အဝါကတ်ပြသခံရပြီး ထုတ်ပယ်ခံခဲ့ရတာပါ။