ပြင်သစ်လီဂူး

အန်ဂါးစ်ကို အနိုင်ယူပြီး လီဂူးဝမ်းဖလားရယူနိုင်ဖို့ နီးစပ်လာတဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီအသင်းဟာ ဒီမနက်ပိုင်းက ကစားခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ အန်ဂါးစ်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ယူပြီးနောက် ဒီရာသီ လီဂူးဝမ်းဖလားကို ကိုင်မြှောက်နိုင်ဖို့ နီးစပ်လာခဲ့ပြီဖြစ်ပါတယ်။

ဒီပွဲမှာ ပီအက်စ်ဂျီအတွက် ၂ ဂိုးစလုံးကို ဘတ်ပီက သွင်းယူခဲ့တာဖြစ်ပြီး အန်ဂါးစ်အတွက် ချေပဂိုးကို ပွဲပြီးကာနီးမှာ သီအော့ဘ်က သွင်းယူခဲ့တာပါ။ဘတ်ပီဟာ ဒီပွဲမှာ သွင်းယူခဲ့တဲ့ ဂိုးတွေကြောင့် ဒီရာသီ လီဂူးဝမ်းသွင်းဂိုး ၂၂ ဂိုးအထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ဒါ့အပြင် ဘတ်ပီဟာ ဒီရာသီ ပီအက်စ်ဂျီအသင်းအတွက် ပြိုင်ပွဲစုံသွင်းဂိုး ၃၇ ပွဲမှာ ၃၄ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ဒီပွဲမှာ ဘတ်ပီသွင်းယူတဲ့ဂိုးကို ဖန်တီးပေးနိုင်ခဲ့တဲ့ မက်ဆီဟာ ဒီရာသီမှာ ပြင်သစ်ကလပ်အတွက် ဂိုးဖန်တီးမှု ၁၅ ဂိုးအထိ ရှိလာခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ဒီနိုင်ပွဲကြောင့် ဒုတိယနေရာက မာဆေးလ်အသင်းကို ၁ ပွဲအသာနဲ့ ရမှတ် ၁၁ မှတ်အသာရကာ အမှတ်ပေးဇယားကို ဦးဆောင်နေတာလည်း ဖြစ်ပါတယ်။လီဂူးဝမ်းပြိုင်ပွဲပြီးဆုံးဖို့ ၆ ပွဲသာ ကျန်ရှိတော့တဲ့ အချိန်မှာ ပီအက်စ်ဂျီအသင်းဟာ အမှတ်ပေးဖလားကို ၁၁ ကြိမ်မြောက်ရယူနိုင်ဖို့ နီးစပ်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ပြင်သစ်လီဂူး

အာဂျင်တီးနားနဲ့ ပြီးတော့ ပီအက်စ်ဂျီနဲ့ပါ ဖရီးကစ်ကနေ ဂိုးသွင်းယူခဲ့ပြန်တဲ့ မက်ဆီ

ပီအက်စ်ဂျီအသင်းက နိုက်စ်အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ မက်‌ဆီဟာ ဖရီးကစ်ကနေ တိုက်ရိုက်ဂိုးကန်သွင်းယူခဲ့ပါတယ်။ ပီအက်စ်ဂျီအတွက် ဒုတိယဂိုးကို ဘတ်ပီက သွင်းယူခဲ့တာပါ။မက်ဆီဟာ ဒီရာသီမှာ ပီအက်စ်ဂျီအတွက် ခြေစွမ်းပြသနေတာဖြစ်ပြီး အာဂျင်တီးနားအတွက် ဖရီးကစ်ဂိုးသွင်းပြီး
ပြင်သစ်လီဂူး

တစ်ရာသီကို အနီကတ်တစ်ကတ်မှ မထိရရင် နေမထိထိုင်မသာဖြစ်နေတဲ့ ရာမို့စ်

ရာမို့စ်ဟာ ရိမ်းစ်နဲ့ ကစားခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ အနီကတ်နဲ့ ထုတ်ပယ်ခံရပြီးနောက် ကစားသမားဘဝ ၂၈ ကတ်မြောက်အနီကတ်ကို ရရှိသွားခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ရာမို့စ်ဟာ ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ဒိုင်လူကြီးက အဝါကတ်တစ်ကြိမ်ပြသခဲ့ပြီးဖြစ်ပေမယ့် ဒိုင်လူကြီးကို စောဒကတက်ခဲ့တာကြောင့် နောက်ထပ် အဝါကတ်ပြသခံရပြီး ထုတ်ပယ်ခံခဲ့ရတာပါ။