ပြင်သစ်လီဂူး

မက်ဆီက ဒါမျိုးကိုလုပ်နေကြဖြစ်လို့ အံသြစရာမရှိဘူးလို့ လိုင်လီနဲ့ ပွဲအပြီးမှာ ဆိုခဲ့တဲ့ ရာမို့စ်

ပီအက်စ်ဂျီအသင်းနောက်ခံလူ ရာမို့စ်က လိုင်လီအသင်းကို အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာ ကာလကြာရှည်ပြိုင်ဘက်ဖြစ်ခဲ့တဲ့ မက်ဆီကို ချီးကျူးမှုတွေပြုလုပ်သွားခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာ ပီအက်စ်ဂျီအသင်းဟာ လိုင်လီအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပေမယ့် ချေပဂိုးနဲ့ အနိုင်ဂိုးတွေပေးခဲ့ရပြီး ၃ ဂိုး- ၂ ဂိုးနဲ့ ပြန်လည်အရေးနိမ့်နေခဲ့တာပါ။ဒါပေမယ့် ဘတ်ပီက ချေပဂိုးသွင်းခဲ့လို့ ၃ ဂိုးစီသရေနဲ့ ပြီးဆုံးမယ်လို့ ထင်ခဲ့ပေမယ့် အချိန်ပိုမှာ ပီအက်ဂျီအသင်း ပြစ်ဒဏ်ဘောကန်သွင်းခွင့်ရခဲ့ပါတယ်။

ဒါကို မက်ဆီက အကောင်းဆုံးအဆုံးသတ်ခဲ့ပြီး ပီအက်စ်ဂျီအသင်းက ၄ ဂိုး- ၃ ဂိုးနဲ့ လိုင်လီအသင်းကို အနိုင်ရရှိခဲ့တာပါ။ပီအက်စ်ဂျီအသင်းဟာ နောက်ဆုံး ၃ ပွဲဆက်ရှုံးပြီး ရလဒ်တွေဆိုးနေတာကို ဒီပွဲမှာ အနိုင်ရပြီး အဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။

ရာမို့စ်က “မက်ဆီဒီလိုမျိုးလုပ်တာကို ကျွန်တော်မအံသြတော့ပါဘူး။ဘာစီလိုနာမှာရှိတဲ့ အချိန်ကတည်းက သူဟာ ဒီလိုမျိုးတွေနဲ့ပဲ ပွဲတွေကိုအဆုံးအဖြတ်ပေးလေ့ရှိပါတယ်။သူက အခုကျွန်တော်နဲ့ တစ်သင်းတည်းမှာရှိနေလို့ ဝမ်းသာရတယ်”လို့ ‘Amazon Prime Video ကိုပြောခဲ့တာပါ။

ရာမို့စ်ဟာ မက်ဆီကို ချီးကျုးမှုပြုလုပ်တာ ပထမဆုံးအကြိမ်မဟုတ်ဘဲ ပီအက်စ်ဂျီအသင်းမှာ အသင်းဖော်အဖြစ်အတူတွဲကစားတည်းက မကြာခဏဆိုသလိုပြုလုပ်နေခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ပြင်သစ်လီဂူး

အာဂျင်တီးနားနဲ့ ပြီးတော့ ပီအက်စ်ဂျီနဲ့ပါ ဖရီးကစ်ကနေ ဂိုးသွင်းယူခဲ့ပြန်တဲ့ မက်ဆီ

ပီအက်စ်ဂျီအသင်းက နိုက်စ်အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ မက်‌ဆီဟာ ဖရီးကစ်ကနေ တိုက်ရိုက်ဂိုးကန်သွင်းယူခဲ့ပါတယ်။ ပီအက်စ်ဂျီအတွက် ဒုတိယဂိုးကို ဘတ်ပီက သွင်းယူခဲ့တာပါ။မက်ဆီဟာ ဒီရာသီမှာ ပီအက်စ်ဂျီအတွက် ခြေစွမ်းပြသနေတာဖြစ်ပြီး အာဂျင်တီးနားအတွက် ဖရီးကစ်ဂိုးသွင်းပြီး
ပြင်သစ်လီဂူး

တစ်ရာသီကို အနီကတ်တစ်ကတ်မှ မထိရရင် နေမထိထိုင်မသာဖြစ်နေတဲ့ ရာမို့စ်

ရာမို့စ်ဟာ ရိမ်းစ်နဲ့ ကစားခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ အနီကတ်နဲ့ ထုတ်ပယ်ခံရပြီးနောက် ကစားသမားဘဝ ၂၈ ကတ်မြောက်အနီကတ်ကို ရရှိသွားခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ရာမို့စ်ဟာ ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ဒိုင်လူကြီးက အဝါကတ်တစ်ကြိမ်ပြသခဲ့ပြီးဖြစ်ပေမယ့် ဒိုင်လူကြီးကို စောဒကတက်ခဲ့တာကြောင့် နောက်ထပ် အဝါကတ်ပြသခံရပြီး ထုတ်ပယ်ခံခဲ့ရတာပါ။