ပြင်သစ်လီဂူး

ပီအက်စ်ဂျီရဲ့လီဂူးဝမ်းထိပ်တန်းဂိုးသွင်းရှင်ဖြစ်လာခဲ့တဲ့ ဘတ်ပီ

ပီအက်စ်ဂျီတိုက်စစ်မှူး ဘတ်ပီဟာ လန်းစ်အသင်းကို အနိုင်ရခဲ့တဲ့ လီဂူးဝမ်းပွဲမှာ တစ်ဂိုးသွင်ယူပြီးနောက် လိဂ်ပြိုင်ပွဲမှာ ပြင်သစ်ကလပ်ရဲ့ဂိုးသွင်းအများဆုံးကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ဒီပွဲမှာ လန်းစ်အသင်းကို ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ဘတ်ပီ၊ ဗီတင်ဟာနဲ့ မက်ဆီတို့က ၁ ဂိုးစီသွင်းယူခဲ့တာပါ။ဘတ်ပီဟာ ဒီပွဲမှာ ၁ ဂိုးသွင်းယူနိုင်ခဲ့သလို မက်ဆီသွင်းယူတဲ့ ဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ပြင်သစ်အသင်းခေါင်းဆောင်ဟာ ပီအက်စ်ဂျီအတွက် လိဂ်ပွဲ ၁၆၉ ပွဲကစားအပြီးမှာ ၁၃၉ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး ကာဗာနီရဲ့သွင်းဂိုးအရေအတွက်ကို ကျော်ဖြတ်နိုင်ခဲ့တာပါ။ဘတ်ပီဟာ မကြာသေးခင်ကလည်း ပီအက်စ်ဂျီအသင်းရဲ့ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ကာဗာနီရဲ့စံချိန်ကို ကျော်ဖြတ်ပြီး စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။

ဒီရာသီမှာ ပီအက်စ်ဂျီအတွက် ခြေစွမ်းပြသနေတဲ့ဘတ်ပီဟာ အသင်းအတွက် ပြိုင်ပွဲစုံ ၃၆ ပွဲကစားအပြီးမှာ ၃၂ ဂိုးအထိသွင်းယူထားတာဖြစ်ပါတယ်။

Soccer Football – Ligue 1 – Paris St Germain v RC Lens – Parc des Princes, Paris, France – April 15, 2023 Paris St Germain’s Kylian Mbappe in action with RC Lens’ Facundo Medina REUTERS/Gonzalo Fuentes

ပီအက်စ်ဂျီအသင်းဟာ ဒီနိုင်ပွဲကြောင့် ဒုတိယနေရာက လန်းစ်အသင်းကို ၉ မှတ်ဖြတ်ထားနိုင်ခဲ့ပြီး လီဂူးဝမ်းဖလားကို ၁၁ ကြိမ်မြောက်ရယူဖို့ နီးစပ်နေပြီဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ပြင်သစ်လီဂူး

အာဂျင်တီးနားနဲ့ ပြီးတော့ ပီအက်စ်ဂျီနဲ့ပါ ဖရီးကစ်ကနေ ဂိုးသွင်းယူခဲ့ပြန်တဲ့ မက်ဆီ

ပီအက်စ်ဂျီအသင်းက နိုက်စ်အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ မက်‌ဆီဟာ ဖရီးကစ်ကနေ တိုက်ရိုက်ဂိုးကန်သွင်းယူခဲ့ပါတယ်။ ပီအက်စ်ဂျီအတွက် ဒုတိယဂိုးကို ဘတ်ပီက သွင်းယူခဲ့တာပါ။မက်ဆီဟာ ဒီရာသီမှာ ပီအက်စ်ဂျီအတွက် ခြေစွမ်းပြသနေတာဖြစ်ပြီး အာဂျင်တီးနားအတွက် ဖရီးကစ်ဂိုးသွင်းပြီး
ပြင်သစ်လီဂူး

တစ်ရာသီကို အနီကတ်တစ်ကတ်မှ မထိရရင် နေမထိထိုင်မသာဖြစ်နေတဲ့ ရာမို့စ်

ရာမို့စ်ဟာ ရိမ်းစ်နဲ့ ကစားခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ အနီကတ်နဲ့ ထုတ်ပယ်ခံရပြီးနောက် ကစားသမားဘဝ ၂၈ ကတ်မြောက်အနီကတ်ကို ရရှိသွားခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ရာမို့စ်ဟာ ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ဒိုင်လူကြီးက အဝါကတ်တစ်ကြိမ်ပြသခဲ့ပြီးဖြစ်ပေမယ့် ဒိုင်လူကြီးကို စောဒကတက်ခဲ့တာကြောင့် နောက်ထပ် အဝါကတ်ပြသခံရပြီး ထုတ်ပယ်ခံခဲ့ရတာပါ။