ပြင်သစ်လီဂူး

မက်ဆီကို လှောင်ပြောင်ရမှ စားဝင်အိပ်ပျော်ဖြစ်နေတဲ့ ပီအက်စ်ဂျီပရိသတ်များ

ပွဲပယ်ပြစ်ဒဏ်ကနေ ပြန်ရုပ်သိမ်းပြီးနောက် အေဂျက်စီယိုနဲ့ ကစားခဲ့တဲ့ လီဂူးဝမ်းပွဲစဉ်မှာ ပီအက်စ်ဂျီအတွက် ပွဲစကတည်းက ပါဝင်ခဲ့တဲ့ မက်ဆီဟာ အသင်းပရိသတ်တွေရဲ့လှောင်ပြောင်မှုတွေကို ခံခဲ့ရပါတယ်။

မက်ဆီဟာ အသင်းခွင့်ပြုချက်မရဘဲ ဆော်ဒီသွားခဲ့လို့ ၂ ပတ်ကြာပွဲပယ်ပြစ်ဒဏ်ချမှတ်ထားခဲ့ပေမယ့် အသင်းနဲ့ အသင်းဖော်တွေကို ပြန်တောင်းပန်ခဲ့တာကြောင့် လေ့ကျင့်ခန်းဆင်းခွင့်ရခဲ့ပြီး အေဂျက်စီယိုနဲ့ ပွဲမှာ အသင်းအတွက် ပြန်လည်ပါဝင်ခွင့်ရခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာ ပီအက်စ်ဂျီပရိသတ်တွေဟာ ပွဲကစားမယ့်လူစာရင်းကို ကြေညာချိန် မက်ဆီရဲ့နာမည်ရောက်တဲ့အချိန်မှာ လှောင်ပြောင်ခဲ့ကြတာဖြစ်ပြီး ဒါတင်မကသေးဘဲ မက်ဆီရဲ့ ပထမဆုံးဘောလုံးထိတဲ့ အချိန်မှာလည်း လှောင်ပြောင်ခဲ့ကြတာပါ။

မက်ဆီဟာ ဒီရာသီမှာ ပီအက်စ်ဂျီပရိသတ်တွေရဲ့လှောင်ပြောင်မှုကို မကြာခဏခံနေရပြီး အဲ့ဒါကြောင့်လည်း စာချုပ်ကုန်ဆုံးမယ့် ရာသီအကုန်မှာ ပြင်သစ်ကလပ်ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ဒီပွဲမှာ အေဂျက်စီယိုအသင်းကို ၅ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရခဲ့ပြီး လီဂူးဝမ်းဆုဖလား ရယူနိုင်ဖို့အတွက်နီးစပ်သွားခဲ့ပြီဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ပြင်သစ်လီဂူး

အာဂျင်တီးနားနဲ့ ပြီးတော့ ပီအက်စ်ဂျီနဲ့ပါ ဖရီးကစ်ကနေ ဂိုးသွင်းယူခဲ့ပြန်တဲ့ မက်ဆီ

ပီအက်စ်ဂျီအသင်းက နိုက်စ်အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ မက်‌ဆီဟာ ဖရီးကစ်ကနေ တိုက်ရိုက်ဂိုးကန်သွင်းယူခဲ့ပါတယ်။ ပီအက်စ်ဂျီအတွက် ဒုတိယဂိုးကို ဘတ်ပီက သွင်းယူခဲ့တာပါ။မက်ဆီဟာ ဒီရာသီမှာ ပီအက်စ်ဂျီအတွက် ခြေစွမ်းပြသနေတာဖြစ်ပြီး အာဂျင်တီးနားအတွက် ဖရီးကစ်ဂိုးသွင်းပြီး
ပြင်သစ်လီဂူး

တစ်ရာသီကို အနီကတ်တစ်ကတ်မှ မထိရရင် နေမထိထိုင်မသာဖြစ်နေတဲ့ ရာမို့စ်

ရာမို့စ်ဟာ ရိမ်းစ်နဲ့ ကစားခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ အနီကတ်နဲ့ ထုတ်ပယ်ခံရပြီးနောက် ကစားသမားဘဝ ၂၈ ကတ်မြောက်အနီကတ်ကို ရရှိသွားခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ရာမို့စ်ဟာ ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ဒိုင်လူကြီးက အဝါကတ်တစ်ကြိမ်ပြသခဲ့ပြီးဖြစ်ပေမယ့် ဒိုင်လူကြီးကို စောဒကတက်ခဲ့တာကြောင့် နောက်ထပ် အဝါကတ်ပြသခံရပြီး ထုတ်ပယ်ခံခဲ့ရတာပါ။