ပြင်သစ်လီဂူး

ပွဲပယ်ခံရပြီးနောက် ပီအက်စ်ဂျီအတွက် ပြန်ပါဝင်တော့မယ့် မက်ဆီ

မက်ဆီဟာ အသင်းရဲ့ ခွင့်ပြုချက်မရဘဲ ဆော်ဒီခရီးစဉ်သွားရောက်ခဲ့လို့ ပွဲပယ်ခံရပြီးနောက် ပထမဆုံးပွဲစဉ်အဖြစ် အေဂျက်စီယိုနဲ့ ကစားမယ့် လီဂူးဝမ်းပွဲစဉ်မှာ ပြန်လည်ပါဝင်တော့မှာ ဖြစ်ပါတယ်။

Soccer Football – Ligue 1 – Paris St Germain Training – Ooredoo Training Centre, Saint-Germain-en-Laye, France – May 12, 2023 Paris St Germain’s Lionel Messi during training REUTERS/Christian Hartmann

မက်ဆီကို ပီအက်စ်ဂျီအသင်းက ၂ ပတ်ကြာပွဲပယ်တဲ့ ပြစ်ဒဏ်ချမှတ်ခဲ့ပေမယ့် ကစားသမားဘက်က တောင်းပန်မှုပြုလုပ်ပြီးနောက် ဒီပွဲပယ်ပြစ်ဒဏ်ကို ပယ်ဖျက်ကာ အသင်းနဲ့အတူ လေ့ကျင့်မှုတွေ ပြန်လည်ပြုလုပ်စေခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ထရိုယက်စ်နဲ့ ပွဲမှာ ပွဲပယ်ကြောင့် မပါဝင်နိုင်ခဲ့တဲ့ မက်ဆီဟာ လေ့ကျင့်မှုတွေမှာ ကောင်းမွန်စွာ လုပ်ပြထားနိုင်ခဲ့တဲ့အတွက် အေဂျက်စီယိုနဲ့ ပွဲရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်မယ်လို့ ပြောခဲ့ပါတယ်။

PARIS, FRANCE – APRIL 30: Lionel Messi of Paris Saint Germain during the Ligue 1 match between Paris Saint-Germain and FC Lorient at Parc des Princes on April 30, 2023 in Paris, France. (Photo by Tnani Badreddine/DeFodi Images via Getty Images)

ဂယ်လ်တီယာက “မက်ဆီဟာ အေဂျက်စီယိုနဲ့ပွဲမှာ ပွဲစကတည်းက ပါဝင်မှာပါ။သူ့ရဲ့ စိတ်နေသဘောထားကို သိဖို့ ကျွန်တော်စကားပြောခဲ့ပြီး ကစားဖို့ စိတ်ပိုင်းဖြတ်ထားတာကို တွေ့မြင်ခဲ့ရပါတယ်။သူက ဒီဆုဖလားကို ရယူနိုင်ဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်”လို့ ဆိုခဲ့တာဖြစ်ပါတယ်။

မက်ဆီဟာ စာချုပ်ကုန်ဆုံးမယ့် အခုရာသီအကုန်မှာ ပီအက်စ်ဂျီကနေ ထွက်ခွာဖို့ ရှိနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ပြင်သစ်လီဂူး

အာဂျင်တီးနားနဲ့ ပြီးတော့ ပီအက်စ်ဂျီနဲ့ပါ ဖရီးကစ်ကနေ ဂိုးသွင်းယူခဲ့ပြန်တဲ့ မက်ဆီ

ပီအက်စ်ဂျီအသင်းက နိုက်စ်အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ မက်‌ဆီဟာ ဖရီးကစ်ကနေ တိုက်ရိုက်ဂိုးကန်သွင်းယူခဲ့ပါတယ်။ ပီအက်စ်ဂျီအတွက် ဒုတိယဂိုးကို ဘတ်ပီက သွင်းယူခဲ့တာပါ။မက်ဆီဟာ ဒီရာသီမှာ ပီအက်စ်ဂျီအတွက် ခြေစွမ်းပြသနေတာဖြစ်ပြီး အာဂျင်တီးနားအတွက် ဖရီးကစ်ဂိုးသွင်းပြီး
ပြင်သစ်လီဂူး

တစ်ရာသီကို အနီကတ်တစ်ကတ်မှ မထိရရင် နေမထိထိုင်မသာဖြစ်နေတဲ့ ရာမို့စ်

ရာမို့စ်ဟာ ရိမ်းစ်နဲ့ ကစားခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ အနီကတ်နဲ့ ထုတ်ပယ်ခံရပြီးနောက် ကစားသမားဘဝ ၂၈ ကတ်မြောက်အနီကတ်ကို ရရှိသွားခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ရာမို့စ်ဟာ ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ဒိုင်လူကြီးက အဝါကတ်တစ်ကြိမ်ပြသခဲ့ပြီးဖြစ်ပေမယ့် ဒိုင်လူကြီးကို စောဒကတက်ခဲ့တာကြောင့် နောက်ထပ် အဝါကတ်ပြသခံရပြီး ထုတ်ပယ်ခံခဲ့ရတာပါ။