ပြင်သစ်လီဂူး

မိုနာကို,ကို အရေးနိမ့်ပြီးနောက် ပီအက်စ်ဂျီပရိသတ်တွေကို ဦးဆောင်ပြီးတောင်းပန်ခဲ့တဲ့ ကင်မ်ပန်ဘီ

ပီအက်စ်ဂျီနောက်ခံလူ ကင်မ်ပန်ဘီဟာ မိုနာကိုအသင်းကို ၃ ဂိုး- ၁ ဂိုးနဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ လီဂူးဝမ်းပွဲအပြီးမှာ အဝေးကွင်းပွဲကိုလာကြည့်တဲ့ အသင်းပရိသတ်တွေကို ဦးဆောင်ပြီးတောင်းပန်မှုပြုလုပ်သွားခဲ့တာဖြစ်ပါတယ်။

ဒီပွဲအပြီးမှာ အသင်းခေါင်းဆောင် မာကွင်ဟိုစ်က ချဉ်းကပ်ခြင်းမပြုလုပ်ဖို့ အကြံပေးခဲ့ပေမယ့် ကင်မ်ပန်ဘီကတော့ ဦးဆောင်ပြီး ပရိသတ်တွေကိုတောင်းပန်မှုပြုလုပ်သွားခဲ့တာဖြစ်ပါတယ်။ဂိုးသမား ဒွန်နာရမ်မာကလည်း ပရိသတ်တွေနဲ့ စကားပြောဆိုမှုတွေပြုလုပ်သွားခဲ့တာပါ။

ဒီပွဲမှာ ပီအက်စ်ဂျီအသင်းရဲ့အဓိကကစားသမားတွေဖြစ်တဲ့ မက်ဆီ၊ဘတ်ပီနဲ့ ဗာရတ်တီတို့မပါဝင်ခဲ့သလို ပွဲမတိုင်ခင် ဗိုင်းရပ်စ်ကူးစက်ခံရမှုတွေကြောင့်လည်း အသင်းဟာ ရွေးချယ်မှုတွေနည်းပါးသွားခဲ့တာဖြစ်ပါတယ်။ပီအက်စ်ဂျီအသင်းဟာ လာမယ့်ကြားရက်မှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်ယှဉ်ပြိုင်ရမှာပါ။

ကင်မ်ပန်ဘီက “ဒီအခြေအနေက အဓိပ္ပါယ်မရှိဘူးဆိုတာ ကျွန်တော်တို့သိပါတယ်။ကျွန်တော်တို့ကို လာရောက်အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်လို့သာ ပြောလို့ရပါတယ်။ကျွန်တော်တို့ကို ထားပြီးမသွားပါနဲ့။ကျွန်တော်တို့ ခင်ဗျားတို့ကို လိုအပ်ပါတယ်”

“ကျွန်တော်တို့ ဒီအခြေအနေတွေကို ပြန်ပြင်ဆင်ပြီး အင်္ဂါနေ့မှာ သွားရောက်ကစားမယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။ပီအက်စ်ဂျီအသင်းဟာ ကြားရက်ကကစားခဲ့တဲ့ ပြင်သစ်ဖလားပွဲမှာလည်း မာဆေးလ်အသင်းကို အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ပြင်သစ်လီဂူး

အာဂျင်တီးနားနဲ့ ပြီးတော့ ပီအက်စ်ဂျီနဲ့ပါ ဖရီးကစ်ကနေ ဂိုးသွင်းယူခဲ့ပြန်တဲ့ မက်ဆီ

ပီအက်စ်ဂျီအသင်းက နိုက်စ်အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ မက်‌ဆီဟာ ဖရီးကစ်ကနေ တိုက်ရိုက်ဂိုးကန်သွင်းယူခဲ့ပါတယ်။ ပီအက်စ်ဂျီအတွက် ဒုတိယဂိုးကို ဘတ်ပီက သွင်းယူခဲ့တာပါ။မက်ဆီဟာ ဒီရာသီမှာ ပီအက်စ်ဂျီအတွက် ခြေစွမ်းပြသနေတာဖြစ်ပြီး အာဂျင်တီးနားအတွက် ဖရီးကစ်ဂိုးသွင်းပြီး
ပြင်သစ်လီဂူး

တစ်ရာသီကို အနီကတ်တစ်ကတ်မှ မထိရရင် နေမထိထိုင်မသာဖြစ်နေတဲ့ ရာမို့စ်

ရာမို့စ်ဟာ ရိမ်းစ်နဲ့ ကစားခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ အနီကတ်နဲ့ ထုတ်ပယ်ခံရပြီးနောက် ကစားသမားဘဝ ၂၈ ကတ်မြောက်အနီကတ်ကို ရရှိသွားခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ရာမို့စ်ဟာ ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ဒိုင်လူကြီးက အဝါကတ်တစ်ကြိမ်ပြသခဲ့ပြီးဖြစ်ပေမယ့် ဒိုင်လူကြီးကို စောဒကတက်ခဲ့တာကြောင့် နောက်ထပ် အဝါကတ်ပြသခံရပြီး ထုတ်ပယ်ခံခဲ့ရတာပါ။