ပြင်သစ်လီဂူး

ဘရက်စ်ကို အနိုင်ရတဲ့ပွဲမှာ ဘတ်ပီအတွက် ဂိုးဖန်တီးပြီး စံချိန်သစ်တစ်ခုရယူခဲ့တဲ့ မက်ဆီ

ပီအက်စ်ဂျီအသင်းက ဘရတ်စ်အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဂိုးဖန်တီးမှုပြုလုပ်ပေးနိုင်ခဲ့တဲ့ မက်ဆီဟာ ကလပ်ကစားသမားဘဝမှာ ဂိုးဖန်တီးမှု ၃၀၀ ပြည့်သွားခဲ့တာဖြစ်ပါတယ်။

မက်ဆီဟာ ဒီပွဲမှာ ပီအက်စ်ဂျီအသင်းအတွက် အနိုင်ဂိုးဖြစ်စေမယ့် မိနစ် ၉၀ မှာသွင်းယူတဲ့ ဘတ်ပီရဲ့ဂိုးကိုဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့် မက်ဆီလည်း စံချိန်မှတ်တမ်းတစ်ခုကို ရယူနိုင်ခဲ့သလို ပီအက်စ်ဂျီလည်း အနိုင် ရရှိသွားခဲ့တာပါ။

ဒါ့အပြင် မက်ဆီဟာ ဒီလိုမျိုးစံချိန်တင်နိုင်ခဲ့တဲ့ ပထမဆုံးကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့တာပါ။မက်ဆီဟာ ပြီးခဲ့တဲ့ အပတ်လိဂ်ပွဲတွေမှာစံချိန်သစ်တွေရယူပြီးအသင်းကို အမှတ်ပေးဇယားထိပ်ဆုံးနေရာမှ ရပ်တည်နိုင်အောင်ကူညီပေးနေတာဖြစ်ပါတယ်။

မက်ဆီဟာ ဒီရာသီမှာ ပီအက်စ်ဂျီအသင်းအတွက် ၃၁ ပွဲကစားထားအပြီးမှာ ၁၈ ဂိုးသွင်းယူကာ ၁၇ ဂိုးဖန်တီးထားနိုင်ခဲ့တာပါ။မက်ဆီဟာ ဒီရာသီမှာ ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ်အောင်မြင်မှု ရနိုင်တော့မှာမဟုတ်ပေမယ့် လီဂူးဝမ်းဖလားရနိုင်ဖို့ကိုပဲ အပြည့်အ၀အာရုံစိုက်ထားမှာဖြစ်ပါတယ်။

မက်ဆီကတော့ အခုရာသီအကုန်မှာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်ကုန်ဆုံးတော့မှာဖြစ်ပြီး ပြင်သစ်ကလပ်ကတော့ စာချုပ်သက်တမ်းတိုးဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ပြင်သစ်လီဂူး

အာဂျင်တီးနားနဲ့ ပြီးတော့ ပီအက်စ်ဂျီနဲ့ပါ ဖရီးကစ်ကနေ ဂိုးသွင်းယူခဲ့ပြန်တဲ့ မက်ဆီ

ပီအက်စ်ဂျီအသင်းက နိုက်စ်အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ မက်‌ဆီဟာ ဖရီးကစ်ကနေ တိုက်ရိုက်ဂိုးကန်သွင်းယူခဲ့ပါတယ်။ ပီအက်စ်ဂျီအတွက် ဒုတိယဂိုးကို ဘတ်ပီက သွင်းယူခဲ့တာပါ။မက်ဆီဟာ ဒီရာသီမှာ ပီအက်စ်ဂျီအတွက် ခြေစွမ်းပြသနေတာဖြစ်ပြီး အာဂျင်တီးနားအတွက် ဖရီးကစ်ဂိုးသွင်းပြီး
ပြင်သစ်လီဂူး

တစ်ရာသီကို အနီကတ်တစ်ကတ်မှ မထိရရင် နေမထိထိုင်မသာဖြစ်နေတဲ့ ရာမို့စ်

ရာမို့စ်ဟာ ရိမ်းစ်နဲ့ ကစားခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ အနီကတ်နဲ့ ထုတ်ပယ်ခံရပြီးနောက် ကစားသမားဘဝ ၂၈ ကတ်မြောက်အနီကတ်ကို ရရှိသွားခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ရာမို့စ်ဟာ ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ဒိုင်လူကြီးက အဝါကတ်တစ်ကြိမ်ပြသခဲ့ပြီးဖြစ်ပေမယ့် ဒိုင်လူကြီးကို စောဒကတက်ခဲ့တာကြောင့် နောက်ထပ် အဝါကတ်ပြသခံရပြီး ထုတ်ပယ်ခံခဲ့ရတာပါ။