ပြင်သစ်လီဂူး

ဥရောပမှာမရှိတော့တဲ့ ရော်နယ်ဒိုနဲ့ တူညီနေတဲ့ စံချိန်တစ်ခုကို ကျော်ဖြတ်နိုင်ခဲ့တဲ့ မက်ဆီ

ပီအက်စ်ဂျီအသင်းက နိုက်စ်အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ လီဂူးဝမ်းပွဲမှာ မက်ဆီဟာ အသင်းအတွက် ၁ ဂိုးသွင်းယူပြီးနော် ရော်နယ်ဒိုရဲ့စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

မက်ဆီဟာ ဒီပွဲမှာ ၁ ဂိုးသွင်းယူပြီးနောက် ကလပ်ကစားသမားဘ၀ ဥရောပသွင်းဂိုး ၇၀၂ ဂိုးအထိ ရှိလာခဲ့ပြီး အယ်လ်နာဆာကို ရောက်နေတဲ့ ပြိုင်ဘက်ကြီး ရော်နယ်ဒိုထက် ၁ ဂိုးအသာရသွားခဲ့တာပါ။အဲ့ဒါကြောင့် မက်ဆီဟာ ဥရောပမှာ ကလပ်ဂိုးသွင်းအများဆုံးကစားသမားဖြစ်ခဲ့ပါတယ်။

မက်ဆီဟာ ဒီပွဲမှာ ပီအက်စ်ဂျီအတွက် ၁ ဂိုးသွင်းယူနိုင်ခဲ့သလို အသင်းဖော် ရာမို့စ်ရဲ့သွင်းဂိုးကိုပါ ဖန်တီးပေးနိုင်ခဲ့ပါတယ်။အဲ့ဒါကြောင့် မက်ဆီဟာ ဒီပွဲမှာ ပီအက်စ်ဂျီအတွက် အဖိုးတန် ၃ မှတ်ရယူပေးနိုင်ခဲ့တာပါ။

မကြာသေးခင်က ပွဲတွေမှာ ပီအက်စ်ဂျီပရိသတ်တွေရဲ့လှောင်ပြောင်မှုတွေခံခဲ့ရတဲ့ မက်ဆီဟာ ဒီပွဲမှာတော့ ပရိသတ်အကြိုက် ခြေစွမ်းနဲ့ စွမ်းဆောင်ရည်ကို ပြသကာရော်နယ်ဒိုရဲ့ စံချိန်ကိုပါ ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ဒီနိုင်ပွဲကြောင့် ဒုတိယနေရာက လန်းစ်အသင်းကို ၆ မှတ်အသာရပြီး လီဂူးဝမ်းအမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ပြင်သစ်လီဂူး

အာဂျင်တီးနားနဲ့ ပြီးတော့ ပီအက်စ်ဂျီနဲ့ပါ ဖရီးကစ်ကနေ ဂိုးသွင်းယူခဲ့ပြန်တဲ့ မက်ဆီ

ပီအက်စ်ဂျီအသင်းက နိုက်စ်အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ မက်‌ဆီဟာ ဖရီးကစ်ကနေ တိုက်ရိုက်ဂိုးကန်သွင်းယူခဲ့ပါတယ်။ ပီအက်စ်ဂျီအတွက် ဒုတိယဂိုးကို ဘတ်ပီက သွင်းယူခဲ့တာပါ။မက်ဆီဟာ ဒီရာသီမှာ ပီအက်စ်ဂျီအတွက် ခြေစွမ်းပြသနေတာဖြစ်ပြီး အာဂျင်တီးနားအတွက် ဖရီးကစ်ဂိုးသွင်းပြီး
ပြင်သစ်လီဂူး

တစ်ရာသီကို အနီကတ်တစ်ကတ်မှ မထိရရင် နေမထိထိုင်မသာဖြစ်နေတဲ့ ရာမို့စ်

ရာမို့စ်ဟာ ရိမ်းစ်နဲ့ ကစားခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ အနီကတ်နဲ့ ထုတ်ပယ်ခံရပြီးနောက် ကစားသမားဘဝ ၂၈ ကတ်မြောက်အနီကတ်ကို ရရှိသွားခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ရာမို့စ်ဟာ ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ဒိုင်လူကြီးက အဝါကတ်တစ်ကြိမ်ပြသခဲ့ပြီးဖြစ်ပေမယ့် ဒိုင်လူကြီးကို စောဒကတက်ခဲ့တာကြောင့် နောက်ထပ် အဝါကတ်ပြသခံရပြီး ထုတ်ပယ်ခံခဲ့ရတာပါ။