ပြင်သစ်လီဂူး

ဆော်ဒီခရီးစဉ်အတွက် တောင်းပန်မှုပြုလုပ်သွားခဲ့တဲ့ မက်ဆီ

ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး မက်ဆီဟာ မကြာသေးခင်က ဆော်ဒီခရီးစဉ်နဲ့ ပတ်သက်ပြီးတောင်းပန်တဲ့အကြောင်းကို ဆိုရှယ်မီဒီယာပေါ်မှာ ဗီဒီယိုနဲ့တင်ခဲ့တာဖြစ်ပါတယ်။

မက်ဆီဟာ လော်ရီးယန့်အသင်းကို အရေးနိမ့်တဲ့ပွဲအပြီးမှာ အသင်းရဲ့ခွင့်ပြုချက်မရဘဲ ဆော်ဒီကို သွားရောက်ခဲ့တာပါ။အဲ့ဒါကြောင့် ပီအက်စ်ဂျီအသင်းဟာ မက်ဆီကို အသင်းကနေ ၂ ပတ်ကြာဆိုင်းငံ့တဲ့ ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

မက်ဆီဟာ ဒီ ၂ ပတ်အတွင်းမှာ အသင်းနဲ့ လေ့ကျင့်မှုပြုလုပ်လို့ရမှာမဟုတ်သလို ဒီကာလအတွင်းမှာ ရရှိမယ့် လုပ်အားခကိုလည်းဒဏ်ကြေးငွေအဖြစ် ပီအက်စ်ဂျီအသင်းက ချမှတ်ခဲ့တာဖြစ်ပါတယ်။ပီအက်စ်ဂျီပရိသတ်တွေကလည်း မက်ဆီကို အသင်းက ထွက်ခွာဖို့ တောင်းဆိုမှုတွေရှိခဲ့တာပါ။

အဲ့ဒါကြောင့် မက်ဆီဟာ သူ့ရဲ့ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး တောင်းပန်မှုပြုလုပ်သွားခဲ့တာဖြစ်ပါတယ်။မက်ဆီက”ကျွန်တော့်ရဲ့အသင်းဖော်တွေနဲ့ ကလပ်ကို တောင်းပန်ချင်ပါတယ်။ပွဲပြီးရင် ၁ ရက်အနားယူရမယ်လို့တွေးခဲ့မိပါတယ်။ဆော်ဒီခရီးစဉ်ကို စီစဉ်ခဲ့ပြီးနောက် မဖျက်နိုင်ခဲ့ပါဘူး”

“အသင်းဖော်တွေကို တောင်းပန်ချင်ပါတယ်။ကလပ်နဲ့ အံဝင်ခွင်ကျဖြစ်မှာကို စောင့်နေပါတယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။မက်ဆီဟာ ရာသီအကုန်မှာ ပီအက်စ်ဂျီကနေ ထွက်ခွာတော့မယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

ပြင်သစ်လီဂူး

အာဂျင်တီးနားနဲ့ ပြီးတော့ ပီအက်စ်ဂျီနဲ့ပါ ဖရီးကစ်ကနေ ဂိုးသွင်းယူခဲ့ပြန်တဲ့ မက်ဆီ

ပီအက်စ်ဂျီအသင်းက နိုက်စ်အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ မက်‌ဆီဟာ ဖရီးကစ်ကနေ တိုက်ရိုက်ဂိုးကန်သွင်းယူခဲ့ပါတယ်။ ပီအက်စ်ဂျီအတွက် ဒုတိယဂိုးကို ဘတ်ပီက သွင်းယူခဲ့တာပါ။မက်ဆီဟာ ဒီရာသီမှာ ပီအက်စ်ဂျီအတွက် ခြေစွမ်းပြသနေတာဖြစ်ပြီး အာဂျင်တီးနားအတွက် ဖရီးကစ်ဂိုးသွင်းပြီး
ပြင်သစ်လီဂူး

တစ်ရာသီကို အနီကတ်တစ်ကတ်မှ မထိရရင် နေမထိထိုင်မသာဖြစ်နေတဲ့ ရာမို့စ်

ရာမို့စ်ဟာ ရိမ်းစ်နဲ့ ကစားခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ အနီကတ်နဲ့ ထုတ်ပယ်ခံရပြီးနောက် ကစားသမားဘဝ ၂၈ ကတ်မြောက်အနီကတ်ကို ရရှိသွားခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ရာမို့စ်ဟာ ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ဒိုင်လူကြီးက အဝါကတ်တစ်ကြိမ်ပြသခဲ့ပြီးဖြစ်ပေမယ့် ဒိုင်လူကြီးကို စောဒကတက်ခဲ့တာကြောင့် နောက်ထပ် အဝါကတ်ပြသခံရပြီး ထုတ်ပယ်ခံခဲ့ရတာပါ။