ပြင်သစ်လီဂူး

ဘောလုံးကစားနေတာက ဒီလိုစံချိန်သစ်တွေတင်ချင်လို့ပဲလို့ ပြောလာတဲ့ ဘတ်ပီ

ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းသမိုင်းတလျှောက်ဂိုးသွင်းအများဆုံးကစားသမားဖြစ်လာခဲ့ပြီးနောက် ဘောလုံးသမိုင်းမှတ်တမ်းတွေရေးထိုးဖို့က သူ့ရဲ့ရည်မှန်းချက်ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းက နန့်တက်စ်အသင်းကို ၄ ဂိုး- ၂ ဂိုးနဲ့အနိုင်ရခဲ့တဲ့ လီဂူးဝမ်းပွဲစဉ်ရဲ့နာကျင်အချိန်ပိုမှာ ဂိုးသွင်းယူပြီးနောက် စံချိန်သစ်တင်လိုက်တာပါ။ဘတ်ပီဟာ ဒီသွင်းဂိုးကြောင့် ပီအက်စ်ဂျီကစားသမားဘဝသွင်းဂိုး ၂၀၁ ဂိုးအထိရှိလာခဲ့ပြီး ကာဗာနီကို ကျော်ဖြတ်ကာ လီဂူးဝမ်းလက်ရှိချန်ပီယံအသင်းရဲ့ဂိုးသွင်းအများဆုံးကစားသမားဖြစ်ခဲ့ပါတယ်။

ဘတ်ပီက “ကျွန်တော်ဟာ သမိုင်းမှတ်တမ်းတွေရေးထိုးဖို့ကစားနေတာပါ။ပြစ်သစ်၊မြို့တော်၊ကျွန်တော့်နိုင်ငံ၊ကျွန်တော့်မြို့မှာ သမိုင်းမှတ်တမ်းတွေကိုရေးထိုးချင်တယ်ဆိုတာကို အမြဲတမ်းပြောဖူးပါတယ်။ကျွန်တော်ဒါကိုလုပ်ဆောင်နေပြီး ဒါကအရမ်းလှပပါတယ်”

“ဒါပေမယ့် သွားရမယ့်လမ်းက အဝေးကြီးကျန်ရှိနေပါသေးတယ်။ဒါဟာ ကိုယ်ပိုင်အောင်မြင်မှုပါ။ဒါပေမယ့် စုပေါင်းအောင်မြင်မှုတွေရအောင်လုပ်ဖို့လာခဲ့တာပါ”လို့ ပြောခဲ့ပါတယ်။

ဘတ်ပီဟာ ပီအက်စ်ဂျီအတွက် သွင်းဂိုး ၂၀၁ ဂိုးရရှိဖို့ ၂၄၇ ပွဲသာကစားခဲ့ရတာပါ။ဘတ်ပီဟာ ဒီရာသီမှာလည်း ပီအက်စ်ဂျီအတွက်ခြေစွမ်းပြသနေပြီး ၁၈ ဂိုးသွင်းယူကာ ပြင်သစ်လိဂ်ရဲ့ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ပြင်သစ်လီဂူး

အာဂျင်တီးနားနဲ့ ပြီးတော့ ပီအက်စ်ဂျီနဲ့ပါ ဖရီးကစ်ကနေ ဂိုးသွင်းယူခဲ့ပြန်တဲ့ မက်ဆီ

ပီအက်စ်ဂျီအသင်းက နိုက်စ်အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ မက်‌ဆီဟာ ဖရီးကစ်ကနေ တိုက်ရိုက်ဂိုးကန်သွင်းယူခဲ့ပါတယ်။ ပီအက်စ်ဂျီအတွက် ဒုတိယဂိုးကို ဘတ်ပီက သွင်းယူခဲ့တာပါ။မက်ဆီဟာ ဒီရာသီမှာ ပီအက်စ်ဂျီအတွက် ခြေစွမ်းပြသနေတာဖြစ်ပြီး အာဂျင်တီးနားအတွက် ဖရီးကစ်ဂိုးသွင်းပြီး
ပြင်သစ်လီဂူး

တစ်ရာသီကို အနီကတ်တစ်ကတ်မှ မထိရရင် နေမထိထိုင်မသာဖြစ်နေတဲ့ ရာမို့စ်

ရာမို့စ်ဟာ ရိမ်းစ်နဲ့ ကစားခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ အနီကတ်နဲ့ ထုတ်ပယ်ခံရပြီးနောက် ကစားသမားဘဝ ၂၈ ကတ်မြောက်အနီကတ်ကို ရရှိသွားခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ရာမို့စ်ဟာ ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ဒိုင်လူကြီးက အဝါကတ်တစ်ကြိမ်ပြသခဲ့ပြီးဖြစ်ပေမယ့် ဒိုင်လူကြီးကို စောဒကတက်ခဲ့တာကြောင့် နောက်ထပ် အဝါကတ်ပြသခံရပြီး ထုတ်ပယ်ခံခဲ့ရတာပါ။