ပြင်သစ်လီဂူး

ပီအက်စ်ဂျီက ထွက်ခွာတော့မယ့် မက်ဆီ

မက်ဆီဟာ အခုရာသီအကုန်မှာ ပီအက်စ်ဂျီကနေ ထွက်ခွာတော့မယ့် ဆုံးဖြတ်ချက်ကို ချလိုက်ပြီလို့ ဖာဘရီဇီယိုရိုမန်နိုက ဖော်ပြလိုက်ပါတယ်။

မက်ဆီနဲ့ ပီအက်စ်ဂျီတို့ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုရာသီအကုန်မှာ ကုန်ဆုံးတော့မှာဖြစ်ပြီး စာချုပ်သစ်အတွက် သဘောတူညီမှုမရရှိခဲ့တာဖြစ်ပါတယ်။အဲ့ဒီကတည်းက မက်ဆီဟာ အသင်းဟောင်း ဘာစီလိုနာအသင်းအပါအဝင် အသင်းတချို့ရဲ့ ချိတ်ဆက်မှုတွေခံခဲ့ရတာဖြစ်ပါတယ်။

မက်ဆီဟာ လော်ရီးယန့်အသင်းကို အိမ်ကွင်းမှာ အရေးနိမ့်ပြီးနောက် အသင်းရဲ့ခွင့်ပြုချက်မရယူဘဲ ဆော်ဒီနိုင်ငံကို မိသားစုနဲ့အတူ သွားရောက်ခဲ့တာကြောင့် အသင်းရဲ့ ၂ ပတ်ကြာ ပွဲကစားခွင့်ဆိုင်းငံ့တဲ့ ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒါကြောင့် ပီအက်စ်ဂျီကနေ မက်ဆီထွက်ခွာမယ့် ဆုံးဖြတ်ချက်ဟာ ပိုပြီးသေချာသွားခဲ့တာပါ။

ဖာဘရီဇီယိုရိုမန်နိုရဲ့ဖော်ပြချက်အရ မက်ဆီရဲ့ဖခင်ဟာ စီမံကိန်းကြောင့် လွန်ခဲ့တဲ့ တစ်လကတည်းက ပီအက်စ်ဂျီအသင်းထံ ဆုံးဖြတ်ချက်ပြောခဲ့ပြီးပြီဖြစ်တယ်လို့ သိရပါတယ်။နောက်ရာသီမှာ ဆက်ပြီးလက်မတွဲဖို့ ဆုံးဖြတ်ခဲ့လို့ သူတို့နှစ်ဦးရဲ့ဆက်ဆံရေးပြတ်တောက်သွားပုံရတယ်လို့ သူက ပြောခဲ့တာပါ။

အဲ့ဒါကြောင့် လာမယ့်ရာသီမှာ မက်ဆီကို အသင်းသစ်မှာ မြင်တွေ့ရဖို့ ရှိနေပြီး အသင်းဟောင်း ဘာစီလိုနာကို ပြန်ရောက်မလားဆိုတာ စောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ပြင်သစ်လီဂူး

အာဂျင်တီးနားနဲ့ ပြီးတော့ ပီအက်စ်ဂျီနဲ့ပါ ဖရီးကစ်ကနေ ဂိုးသွင်းယူခဲ့ပြန်တဲ့ မက်ဆီ

ပီအက်စ်ဂျီအသင်းက နိုက်စ်အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ မက်‌ဆီဟာ ဖရီးကစ်ကနေ တိုက်ရိုက်ဂိုးကန်သွင်းယူခဲ့ပါတယ်။ ပီအက်စ်ဂျီအတွက် ဒုတိယဂိုးကို ဘတ်ပီက သွင်းယူခဲ့တာပါ။မက်ဆီဟာ ဒီရာသီမှာ ပီအက်စ်ဂျီအတွက် ခြေစွမ်းပြသနေတာဖြစ်ပြီး အာဂျင်တီးနားအတွက် ဖရီးကစ်ဂိုးသွင်းပြီး
ပြင်သစ်လီဂူး

တစ်ရာသီကို အနီကတ်တစ်ကတ်မှ မထိရရင် နေမထိထိုင်မသာဖြစ်နေတဲ့ ရာမို့စ်

ရာမို့စ်ဟာ ရိမ်းစ်နဲ့ ကစားခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ အနီကတ်နဲ့ ထုတ်ပယ်ခံရပြီးနောက် ကစားသမားဘဝ ၂၈ ကတ်မြောက်အနီကတ်ကို ရရှိသွားခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ရာမို့စ်ဟာ ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ဒိုင်လူကြီးက အဝါကတ်တစ်ကြိမ်ပြသခဲ့ပြီးဖြစ်ပေမယ့် ဒိုင်လူကြီးကို စောဒကတက်ခဲ့တာကြောင့် နောက်ထပ် အဝါကတ်ပြသခံရပြီး ထုတ်ပယ်ခံခဲ့ရတာပါ။