ပြင်သစ်လီဂူး

ခွင့်ပြုချက်မရဘဲ ဆော်ဒီသွားခဲ့လို့ ၂ ပတ်ကြာပွဲပယ်ခံလိုက်ရပြီဖြစ်တဲ့ မက်ဆီ

မက်ဆီဟာ လော်ရီးယန့်အသင်းကို အရေးနိမ့်ပြီးနောက် ဆော်ဒီနိုင်ငံကို သွားရောက်ခဲ့တာမှာ အသင်းရဲ့ခွင့်ပြုချက်မရပဲသွားရောက်ခဲ့လို့ ၂ ပတ်ကြာပွဲပယ်ပြစ်ဒဏ်ချမှတ်ခံလိုက်ရပြီဖြစ်ပါတယ်။

မက်ဆီဟာ အိမ်ကွင်းပွဲစဉ်မှာ ပွဲချိန်ပြည့်ပါဝင်ကစားခဲ့ပြီး နောက်တစ်ရက်အကြာမှာ အသင်းနဲ့ လေ့ကျင့်မှုပြုလုပ်ခဲ့ခြင်းမရှိဘဲ ဆော်ဒီနိုင်ငံကို မိသားစုနဲ့အတူ သွားရောက်ခဲ့တာပါ။ဒီလိုသွားရောက်ခဲ့ချိန်မှာ နည်းပြ ဂယ်လ်တီယာနဲ့ အားကစားဒါရိုက်တာ ကမ်ပို့စ်တို့ကို အသိပေးခဲ့ခြင်းမရှိတာဖြစ်ပါတယ်။

အဲ့ဒါကြောင့် မက်ဆီဟာ အသင်းရဲ့ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့တဲ့ ၂ ပတ်အတွင်းမှာ လေ့ကျင့်ခန်းလည်းပြုလုပ်လို့ရမှာမဟုတ်သလို၊ ကစားလို့လည်းရမှာမဟုတ်ပါဘူး။ဒါ့အပြင် ဒီကာလအတွင်းမှာ အသင်းဘက်က မက်ဆီရဲ့လုပ်ခလစာကို ဖြတ်တောက်တဲ့ ဒဏ်ကြေးငွေကိုလည်း ချမှတ်သွားမယ်လို့ သိရပါတယ်။

မက်ဆီနဲ့ ပီအက်စ်ဂျီအသင်းတို့ချူပ်ဆိုထားတဲ့ စာချုပ်ဟာ အခုရာသီအကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး စာချုပ်သစ်အတွက် သဘောတူညီမှုမရတာကြောင့် ထွက်ခွာရဖို့ ရှိနေပြီး ဒီလိုအခြေအနေကြောင့် ထွက်ခွာဖို့အတွက် ပိုပြီးသေချာသွားနိုင်တာလည်းဖြစ်ပါတယ်။

မက်ဆီကို ခေါ်ယူဖို့ လက်ရှိအချိန်မှာ အသင်းဟောင်း ဘာစီလိုနာအသင်းက ရေပန်းစားနေပြီး စပိန်ကလပ်ဟာ မက်ဆီကို ပြန်လည်ခေါ်ယူဖို့ လာလီဂါနဲ့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

ပြင်သစ်လီဂူး

အာဂျင်တီးနားနဲ့ ပြီးတော့ ပီအက်စ်ဂျီနဲ့ပါ ဖရီးကစ်ကနေ ဂိုးသွင်းယူခဲ့ပြန်တဲ့ မက်ဆီ

ပီအက်စ်ဂျီအသင်းက နိုက်စ်အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ မက်‌ဆီဟာ ဖရီးကစ်ကနေ တိုက်ရိုက်ဂိုးကန်သွင်းယူခဲ့ပါတယ်။ ပီအက်စ်ဂျီအတွက် ဒုတိယဂိုးကို ဘတ်ပီက သွင်းယူခဲ့တာပါ။မက်ဆီဟာ ဒီရာသီမှာ ပီအက်စ်ဂျီအတွက် ခြေစွမ်းပြသနေတာဖြစ်ပြီး အာဂျင်တီးနားအတွက် ဖရီးကစ်ဂိုးသွင်းပြီး
ပြင်သစ်လီဂူး

တစ်ရာသီကို အနီကတ်တစ်ကတ်မှ မထိရရင် နေမထိထိုင်မသာဖြစ်နေတဲ့ ရာမို့စ်

ရာမို့စ်ဟာ ရိမ်းစ်နဲ့ ကစားခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ အနီကတ်နဲ့ ထုတ်ပယ်ခံရပြီးနောက် ကစားသမားဘဝ ၂၈ ကတ်မြောက်အနီကတ်ကို ရရှိသွားခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ရာမို့စ်ဟာ ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ဒိုင်လူကြီးက အဝါကတ်တစ်ကြိမ်ပြသခဲ့ပြီးဖြစ်ပေမယ့် ဒိုင်လူကြီးကို စောဒကတက်ခဲ့တာကြောင့် နောက်ထပ် အဝါကတ်ပြသခံရပြီး ထုတ်ပယ်ခံခဲ့ရတာပါ။