ပြင်သစ်လီဂူး

ပီအက်စ်ဂျီပရိသတ်တွေရဲ့လှောင်ပြောင်မှုတွေကြောင့် စိတ်ပျက်နေတဲ့ မက်ဆီ

ပီအက်စ်ဂျီအသင်းက အိမ်ကွင်းမှာ လိုင်ယွန်အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ လီဂူးဝမ်းပွဲစဉ်မှာ မက်ဆီဟာ အသင်းအားပေးသူပရိသတ်တွေရဲ့လှောင်ပြောင်မှုတွေကို ထပ်မံခံခဲ့ရပါတယ်။

ပီအက်စ်ဂျီအသင်းဟာ လိုင်ယွန်အသင်းကို အရေးနိမ့်ခဲ့တဲ့အတွက် လီဂူးဝမ်းပြိုင်ပွဲမှာ ၂ ပွဲဆက်ရှုံးပွဲကြုံတွေ့ခဲ့ရတာပါ။မက်ဆီဟာ နိုင်ငံတကာပွဲစဉ်မတိုင်ခင် ကစားခဲ့တဲ့ ရီးနတ်စ်အသင်းကို အရေးနိမ့်တဲ့ပွဲမှာ ပီအက်စ်ဂျီပရိသတ်တွေရဲ့လှောင်ပြောင်မှုကို ခံခဲ့ရပါတယ်။အဲ့ဒါကြောင့် မက်ဆီဟာ ပွဲပြီးဆုံးချိန်မှာ ဥမင်ထဲတန်းပြီးဝင်သွားခဲ့တာပါ။

အခုလိုင်ယွန်နဲ့ ပွဲမှာလည်း ပီအက်စ်ဂျီပရိသတ်တွေဟာ မက်ဆီကို ထပ်မံလှောင်ပြောင်ခဲ့ပြီး သူ့ရဲ့ နာမည်ကို ကြေညာချိန်မှာ လေချွန်သံတွေပြုလုပ်ခဲ့ကြပါတယ်။အာဂျင်တီးနားအသင်းခေါင်းဆောင်ဟာ အသင်းဟောင်း ဘာစီလိုနာအသင်းမှာ မကြုံတွေ့ခဲ့ရတဲ့ အရာတွေကို ပီအက်စ်ဂျီအသင်းရောက်မှ ကြုံတွေ့နေရပြီး ဒီပွဲမှာလည်း ပွဲပြီးဆုံးချိန်မှာ ဥမင်ထဲကိုပဲ တန်းပြီးဝင်သွားခဲ့ပါတယ်။

Paris Saint-Germain’s Argentine forward Lionel Messi shoots during the French L1 football match between Paris Saint-Germain (PSG) and Olympique Lyonnais (OL) at The Parc des Princes Stadium in Paris on April 2, 2023. (Photo by FRANCK FIFE / AFP)

ရာသီအကုန်မှာ ပီအက်စ်ဂျီအသင်းနဲ့ မက်ဆီတို့ချုပ်ဆိုထားတဲ့ ၂ နှစ်စာချုပ်ဟာ ကုန်ဆုံးတော့မှာပါ။ပီအက်စ်ဂျီကလည်း မက်ဆီကို သက်တမ်းတိုးဖို့ လုပ်ဆောင်နေပေမယ့် အသင်းဟောင်း ဘာစီလိုနာကလည်း ပြန်လည်ခေါ်ယူဖို့ ချိတ်ဆက်နေတာဖြစ်ပါတယ်။

ပီအက်စ်ဂျီနည်းပြ ဂယ်လ်တီယာက “လေချွန်သံတွေဟာ တကယ်ကိုခက်ခဲပါတယ်။လီယိုဟာ ရာသီအစကည်းကရော အခုအချိန်မှာရော အရာအားလုံးကို အများကြီးပေးတဲ့သူပါ”လို့ ပြောခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ပြင်သစ်လီဂူး

အာဂျင်တီးနားနဲ့ ပြီးတော့ ပီအက်စ်ဂျီနဲ့ပါ ဖရီးကစ်ကနေ ဂိုးသွင်းယူခဲ့ပြန်တဲ့ မက်ဆီ

ပီအက်စ်ဂျီအသင်းက နိုက်စ်အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ မက်‌ဆီဟာ ဖရီးကစ်ကနေ တိုက်ရိုက်ဂိုးကန်သွင်းယူခဲ့ပါတယ်။ ပီအက်စ်ဂျီအတွက် ဒုတိယဂိုးကို ဘတ်ပီက သွင်းယူခဲ့တာပါ။မက်ဆီဟာ ဒီရာသီမှာ ပီအက်စ်ဂျီအတွက် ခြေစွမ်းပြသနေတာဖြစ်ပြီး အာဂျင်တီးနားအတွက် ဖရီးကစ်ဂိုးသွင်းပြီး
ပြင်သစ်လီဂူး

တစ်ရာသီကို အနီကတ်တစ်ကတ်မှ မထိရရင် နေမထိထိုင်မသာဖြစ်နေတဲ့ ရာမို့စ်

ရာမို့စ်ဟာ ရိမ်းစ်နဲ့ ကစားခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ အနီကတ်နဲ့ ထုတ်ပယ်ခံရပြီးနောက် ကစားသမားဘဝ ၂၈ ကတ်မြောက်အနီကတ်ကို ရရှိသွားခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ရာမို့စ်ဟာ ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ဒိုင်လူကြီးက အဝါကတ်တစ်ကြိမ်ပြသခဲ့ပြီးဖြစ်ပေမယ့် ဒိုင်လူကြီးကို စောဒကတက်ခဲ့တာကြောင့် နောက်ထပ် အဝါကတ်ပြသခံရပြီး ထုတ်ပယ်ခံခဲ့ရတာပါ။