ပြင်သစ်လီဂူး

ဥရောပမှာမရှိတော့တဲ့ ရော်နယ်ဒိုရဲ့စံချိန်ကို ချိုးဖျက်လိုက်တဲ့ မက်ဆီ

မက်ဆီဟာ မောင့်ပယ်လီယာအသင်းကို အနိုင်ရခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ ပီအက်စ်ဂျီအတွက် ဂိုးသွင်းယူပြီးနောက် ပြိုင်ဘက်ကြီးရော်နယ်ဒိုရဲ့ စံချိန်ကို ချိုးဖျက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

မက်ဆီဟာ ဒီပွဲမှာ သွင်းယူခဲ့တဲ့ဂိုးကြောင့် ဥရောပထိပ်တန်း ၅ လိဂ်မှာ ဂိုးသွင်းအများဆုံးကစားသမား ဖြစ်လာခဲ့တာပါ။အာဂျင်တီးနားအသင်းခေါင်းဆောင်ဟာ ဥရောပထိပ်တန်း ၅ လိဂ်မှာသွင်းဂိုး ၆၉၇ ဂိုးနဲ့ ဂိုးသွင်းအများဆုံးကစားသမားဖြစ်ခဲ့ပါတယ်။

သူဟာ ရော်နယ်ဒိုရဲ့သွင်းဂိုး ၆၉၆ ဂိုးကို ၁ ဂိုးအသာနဲ့ ကျော်ဖြတ်နိုင်ခဲ့တာပါ။အခုအချိန်မှာတော့ မက်ဆီဟာ ရော်နယ်ဒိုရဲ့ ကလပ်အသင်းတွေထဲမှာ ဂိုးသွင်းအများဆုံးစံချိန်ကို လိုက်မှီဖို့ အာရုံစိုက်ရတော့မှာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ၇၀၁ ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

မက်ဆီဟာ အခုနှစ်ရာသီမှာ ပီအက်စ်ဂျီအသင်းအတွက် ခြေစွမ်းပြသနေပြီး ပြိုင်ပွဲစုံ ၂၃ ပွဲကစားအပြီးမှာ ၁၄ ဂိုးသွင်းယူကာ ၁၄ ဂိုးဖန်တီးနိုင်ခဲ့တာပါ။မက်ဆီဟာ ပြီးခဲ့တဲ့ရာသီမှာ ခြေစွမ်းပြသဖို့ ရုန်းကန်ခဲ့ရပေမယ့် ဒီရာသီမှာတော့ သူ့ရဲ့ အကောင်းဆုံးပုံစံတွေကို ပြန်လည်ပြသနိုင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီက ပီအက်စ်ဂျီအသင်းနဲ့ လီဂူးဝမ်းချန်ပီယံဆုရယူနိုင်ခဲ့တဲ့ မက်ဆီဟာ ဒီရာသီမှာတော့ ချန်ပီယံလိဂ်ဖလားရယူနိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ပြင်သစ်လီဂူး

အာဂျင်တီးနားနဲ့ ပြီးတော့ ပီအက်စ်ဂျီနဲ့ပါ ဖရီးကစ်ကနေ ဂိုးသွင်းယူခဲ့ပြန်တဲ့ မက်ဆီ

ပီအက်စ်ဂျီအသင်းက နိုက်စ်အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ မက်‌ဆီဟာ ဖရီးကစ်ကနေ တိုက်ရိုက်ဂိုးကန်သွင်းယူခဲ့ပါတယ်။ ပီအက်စ်ဂျီအတွက် ဒုတိယဂိုးကို ဘတ်ပီက သွင်းယူခဲ့တာပါ။မက်ဆီဟာ ဒီရာသီမှာ ပီအက်စ်ဂျီအတွက် ခြေစွမ်းပြသနေတာဖြစ်ပြီး အာဂျင်တီးနားအတွက် ဖရီးကစ်ဂိုးသွင်းပြီး
ပြင်သစ်လီဂူး

တစ်ရာသီကို အနီကတ်တစ်ကတ်မှ မထိရရင် နေမထိထိုင်မသာဖြစ်နေတဲ့ ရာမို့စ်

ရာမို့စ်ဟာ ရိမ်းစ်နဲ့ ကစားခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ အနီကတ်နဲ့ ထုတ်ပယ်ခံရပြီးနောက် ကစားသမားဘဝ ၂၈ ကတ်မြောက်အနီကတ်ကို ရရှိသွားခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ရာမို့စ်ဟာ ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ဒိုင်လူကြီးက အဝါကတ်တစ်ကြိမ်ပြသခဲ့ပြီးဖြစ်ပေမယ့် ဒိုင်လူကြီးကို စောဒကတက်ခဲ့တာကြောင့် နောက်ထပ် အဝါကတ်ပြသခံရပြီး ထုတ်ပယ်ခံခဲ့ရတာပါ။