ပြင်သစ်လီဂူး

ပင်နယ်တီ ၂ ကြိမ်ကန်တာလည်းမဝင် ဒဏ်ရာလည်းရပြီး ကံဆိုးခဲ့တဲ့ ဘတ်ပီ

ဘတ်ပီကတော့ ပီအက်စ်ဂျီအသင်းက မောင့်ပယ်လီယာအသင်းကို အနိုင်ရခဲ့တဲ့ လီဂူးဝမ်းပွဲစဉ်မှာ ပင်နယ်တီလည်းလွဲချော်ခဲ့ပြီး ဒဏ်ရာလည်းရရှိခဲ့တာကြောင့် စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။

ဒီပွဲမှာ ပီအက်စ်ဂျီအသင်းဟာ မောင့်ပယ်လီယာအသင်းကို ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီအတွက်ဂိုးတွေကို ဖာဘီယန်ရုဇ်၊မက်ဆီနဲ့ ဝါရမ်တို့က သွင်းယူခဲ့တာပါ။ဒီပွဲမှာ ပီအက်စ်ဂျီတိုက်စစ်မှူး ဘတ်ပီဟာ အသင်းအတွက် ရတဲ့ ပင်နယ်တီကို ၂ ကြိမ်ကန်သွင်းရာမှာ ၂ ကြိမ်စလုံးလွဲခဲ့တာဖြစ်ပါတယ်။

Soccer Football – Ligue 1 – Montpellier v Paris St Germain – Stade de la Mosson, Montpellier, France – February 1, 2023 Paris St Germain’s Kylian Mbappe misses a penalty REUTERS/Eric Gaillard

ပွဲချိန် ၉ မိနစ်မှာ ပင်နယ်တီရခဲ့တာဖြစ်ပြီး ဘတ်ပီကန်သွင်းတာကို ဂိုးသမား ပုတ်ထုတ်ခဲ့ပါတယ်။
ဒါပေမယ့် ဒိုင်လူကြီးက VAR ရဲ့ဆုံးဖြတ်ချက်ကို နားထောင်ပြီး ပင်နယ်တီကို ပြန်ကန်ခိုင်းခဲ့တာပါ။ဘတ်ပီကပဲ ကန်ခဲ့တာဖြစ်ပြီး ဒီတစ်ကြိမ်ကန်သွင်းမှုကတော့ တိုင်ထိခဲ့တာဖြစ်ပါတယ်။

ဘတ်ပီဟာ ပြန်ထွက်လာတဲ့ ဘောလုံးကို ပိတ်သွင်းရာမှာလည်း လွဲခဲ့ပြန်ပါတယ်။
ဘတ်ပီဟာ ပင်နယ်တီလွဲချော်ပြီး သိပ်မကြာခင်မှာ ဒဏ်ရာရခဲ့တာကြောင့် လူစားလဲမှုပြုလုပ်ခဲ့ရပါတယ်။ဘတ်ပီအတွက်ကတော့ ပင်နယ်တီလည်းမဝင် ဒဏ်ရာလည်း ရသွားခဲ့လို့ ကံဆိုးခဲ့တယ်လို့ ပြောရမှာပါ။

ပီအက်စ်ဂျီနည်းပြကတော့ ဘတ်ပီရဲ့ဒဏ်ရာက အရမ်းကြီးစိုးရိမ်စရာမရှိဘူးလို့ ပြောခဲ့ပါတယ်။

ဆက်စပ်သတင်းများ

ပြင်သစ်လီဂူး

အာဂျင်တီးနားနဲ့ ပြီးတော့ ပီအက်စ်ဂျီနဲ့ပါ ဖရီးကစ်ကနေ ဂိုးသွင်းယူခဲ့ပြန်တဲ့ မက်ဆီ

ပီအက်စ်ဂျီအသင်းက နိုက်စ်အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ မက်‌ဆီဟာ ဖရီးကစ်ကနေ တိုက်ရိုက်ဂိုးကန်သွင်းယူခဲ့ပါတယ်။ ပီအက်စ်ဂျီအတွက် ဒုတိယဂိုးကို ဘတ်ပီက သွင်းယူခဲ့တာပါ။မက်ဆီဟာ ဒီရာသီမှာ ပီအက်စ်ဂျီအတွက် ခြေစွမ်းပြသနေတာဖြစ်ပြီး အာဂျင်တီးနားအတွက် ဖရီးကစ်ဂိုးသွင်းပြီး
ပြင်သစ်လီဂူး

တစ်ရာသီကို အနီကတ်တစ်ကတ်မှ မထိရရင် နေမထိထိုင်မသာဖြစ်နေတဲ့ ရာမို့စ်

ရာမို့စ်ဟာ ရိမ်းစ်နဲ့ ကစားခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ အနီကတ်နဲ့ ထုတ်ပယ်ခံရပြီးနောက် ကစားသမားဘဝ ၂၈ ကတ်မြောက်အနီကတ်ကို ရရှိသွားခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ရာမို့စ်ဟာ ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ဒိုင်လူကြီးက အဝါကတ်တစ်ကြိမ်ပြသခဲ့ပြီးဖြစ်ပေမယ့် ဒိုင်လူကြီးကို စောဒကတက်ခဲ့တာကြောင့် နောက်ထပ် အဝါကတ်ပြသခံရပြီး ထုတ်ပယ်ခံခဲ့ရတာပါ။